မြင်းမူမြို့နယ်၊ ဂွေးပင်တောရွာ စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ဒရုန်း ၂ စီး ပျက်စီး
သံလွင်မြန်မာသတင်း
ဇွန်လ ၂၈
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာ စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်ခဲ့ရာ စစ်တပ် ဂျန်မာမိပြီး ဒရုန်း ၂ စီး ပျက်စီးခဲ့ကြောင်း TGYR- ပြောက်ကျားတပ်ဖွဲ့ထံမှ သိရ သည်။
ဇွန်လ ၂၄ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်က မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာရှိ စစ်တပ် ကင်းပုန်း များနှင့် အထိုင်စခန်းနေရာများကို TGYR-တပ်ဖွဲ့မှ Drone များဖြင့် 700 gl ဗုံးသီး ၃ လုံး စတင်ကျဲချ တိုက်ခိုက်ခဲ့ပြီးနောက် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှလည်း 600 gl ဗုံးသီး ၂ လုံး ထပ်မံ ကျဲချ တိုက် ခိုက်ခဲ့ကြောင်း သိရသည်။
ထို့သို့ Droneဖြင့် ဗုံးကျဲချနေစဥ်အတွင်းနှင့် Drone များ ပစ်မှတ်အပေါ်ရောက်ရှိချိန်များတွင် စစ်သား၊ ပျူစောထီးများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ် တပ်၏ ဂျန်မာကြောင့် ဒရုန်း ၂ စီး ပျက်ကျဆုံးရှုံးခဲ့ကြောင်း သိရသည်။
“စခတွေ ထိခိုက်မှုကတော့ ရှိနိုင်ပါတယ်၊ တိုက်ခိုက်မှုအတွင်းမှာ စခတွေရဲ့ ဂျန်မာကြောင့် ဒရုန်း ၂ စင်းပျက်ကျခဲ့ပါတယ်။ ပြန်ပစ်တာတွေလည်းရှိပါတယ်။ ကျနော်တို့တပ်ဖွဲ့အနေနဲ့ နယ်မြေပိုင်းခြား ထားတာမျိုးမရှိပါဘူး။ ဒရုန်းတိုက်ခိုက်ရေးအဖွဲ့တွေ၊ မြေပြင်တိုက်ခိုက်ရေးအဖွဲ့တွေဟာ လိုအပ်ရင် လိုအပ်လာလို အကူအညီတောင်းခံရင် သွားရောက်တိုက်ခိုက်နေပါတယ်၊ ဒါကြောင့် ပါဝင်ထောက်ပံ့ ပေးကြဖို့နဲ့ တော်လှန်ရေးအမြန်အောင်အောင်အားတင်းထားပေးကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု TGYR- ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုများကို TGYR-YouthGuerrillaCounterRevolution-NZ ပြောက်ကျားတပ်ဖွဲ့မှ TGYR-Drone Teams ၊ မြင်းမူမြို့နယ် ပကဖ (Black Eagle) ၊ ဧရာမြွေပွေးတပ်ဖွဲ့နှင့် ငါန်းဇွန်မြို့နယ် ပကဖ တိုက်နယ် ၁ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media