Sagaing News

Sagaing News

မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အတွင်းသို့ ရော့ကတ်ဒုံးများဖြင့် တိုက်ခိုက်မှု စစ်သား ၅ ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ပျက်စီးမှုများပြား (ရုပ်သံ)

 

D Day News

စက်တင်ဘာလ ၁၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး၊ လက်လုပ်ရော့ကတ်ဒုံးများဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးထက် မနည်းသေဆုံးခဲ့ပြီး ထိခိုက်ပျက်စီးမှုများပြားခဲ့ကြောင်း Chindwin Rocket Brothers -CRB က ထုတ်ပြန်ထားသည်

စက်တင်ဘာလ ၁၁ ရက် ည ၇ နာရီ ၃၀ မိနစ်အချိန်တွင် မုံရွာမြို့၊ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကို “မုံရွာမှာ ပြန်ဆုံမယ်” စစ်ဆင်ရေးအဖြစ်ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ် ဖွဲ့များက ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးနှင့် လက်လုပ် ရှော့တိုက်ဒုံး အလုံး ၂၀ ဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ရာ စစ်တိုင်းရုံးဝန်းအတွင်းရှိ အရာခံအကြပ်ကြီးအရာရှိလူပျိုဆောင်၊ စစ်သည်ရိပ်သာဆောင်ကို ၂ လုံး ထိမှန်ကာ အကြမ်းဖက် စစ် သား ၅ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

https://youtu.be/k5lNYKt_Seg

အလားတူ တပ်ဝန်းအတွင်းရှိ ၁၂ ခန်းတွဲအနီး ၁ လုံး ၊ ရိက္ခာဖြန့်ဝေဌာန ၁ လုံး ၊ ရဟတ်ယာဥ်ကွင်း သစ်အတွင်း ၁ လုံး၊ မဆရ-၇ (စစ်​မြေပြင်ဆေးတပ်ရင်း) ကို ၂ လုံး၊ ထပရ-၉၂၉ (ထောက်ပံ့နှင့် ပို့ ဆောင်ရေး တပ်ရင်း) ကို ၂ လုံး ၊ အဆရ-၁၂ (အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း)ကို ၂ လုံး ၊ လစရ-၆ (လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာတပ်ရင်း)ကို ၁ လုံး ၊ တထခွဲ-၇၆၇ (တပ်ထိန်း) ကို ၂ လုံး ၊ စရဖ(နခ) အဆောက်အအုံကို ၂ လုံး ၊ တိုင်းအားကစားကွင်းရှိ တွဲကားများ ကို ၁ လုံး၊ နမခ တပ်နယ် အရှေ့ ရေအိုးစဥ် ကာကင်းဂိတ်စခန်းကို ၁ လုံး ထိမှန်ကာ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်မှုအပြီး တပ်နယ်တွင်းမှ သံပြားကာ ကားများဖြင့် သေဆုံးစစ်သားများ၊ ထိခိုက်ဒဏ် ရာ အတို၊ အပြတ်၊ မီး လောင်ဒဏ်ရာရ စစ်သားများကို ကုတင် ၃၀၀ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ စက်တင်ဘာလ ၁၂ ရက်နေ့တွင်လည်း နမခတပ်ဝန်းအတွင်း၌ အရာရှိနာရေးများ ပြုလုပ်ခဲ့ပြီး စက် တင်ဘာလ ၁၃ ရက်နေ့တွင် နမခ တိုင်းမှူးသန်းထိုက်နှင့်အဖွဲ့က တိုက်ခိုက်ခံရသည့်နေရာမျးကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

စက်တင်ဘာလ ၁၄ ရက်နေ့တွင်တွင်လည်း ကုတင် ၃၀၀ တပ်ဆေးရုံပေါ်၌ ထောက်ပံ့ပို့ဆောင်ရေး တပ် – ထပရ ၉၂၉ တပ်ရင်းမှ ထိခိုက်ဒဏ်ရာရ စစ်သားအချို့ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ချင်းတွင်းရော့ကတ်ညီနောင် (Chindwin Rocket Brothers -C.R.B) နှင့် အတူ ယင်းမာပင်ခရိုင် တပ်ရင်း ၁ ၊ ချိုမိုင်မိုင်-ကနီ၊ Chindwin Brothers၊ မုံရွာမြို့နယ် တိုက်နယ် ၅  စသည့်မဟာမိတ်အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

အရာတော်မြို့နယ်၊ ငွေတွင်းရွာ ပျူစောထီးများ လယ်ထွန်ရန်ထွက်လာစဉ် ချုံခိုတိုက်ခိုက် မှု ပျူ ၂ ဦး သေဆုံး၊ သေနတ်တစ်လက် သိမ်းဆည်းရရှိ (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၁၉   စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းပျူစခန်းမှ ပျူများလယ်ထွန်ရန်ထွက်လာစဉ် ချုံခိုတိုက် ခိုက်ခဲ့ရာ ပျူ...