ကန့်ဘလူမြို့နယ်တွင် စစ်သား၊ ပျူစောထီးများက ဆွံအပြည်သူတစ်ဦးအပါအဝင် အပြစ်မဲ့ ပြည်သူ ၉ ဦးကို ညှင်းပန်းနှိပ်စက်သတ်ပြီး နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီး
သံလွင်မြန်မာသတင်း
ဇွန်လ ၂၇
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်သား၊ ပျူစောထီးများက ဆွံအပြည်သူတစ်ဦးအပါအဝင် အပြစ်မဲ့ ပြည်သူ ၉ ဦးကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်ပြီး နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးသွား ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။
ဇွန်လ ၂၃ ရက် နံနက် ၈ နာရီ ၃၀ မိနစ်က ကန့်ဘလူမြို့နယ်၊ ဝက်တိုး(တောင်) ရွာမှတဆင့် သပြေ သာရွာနှင့် ကျောင်းကုန်းရွာသို့ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့သော အင် အား ၁၀၀ ခန့်ပါ စစ်သား၊ ပျူစောထီးများ စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ ပြည်သူများအား ဖမ်းဆီးခြင်း၊ ပြည်သူပိုင်တန်ဖိုးကြီး ပစ္စည်းများကို ခိုးယူ ခြင်းနှင့် နေအိမ်များမီးရှို့ခြင်းများကို ၃ ရက် ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသူများမှာ အွံအနေသူ အသက် ၅၀ အရွယ် ဦးလှိုင်းဇာ ဇာ၊ အသက် ၄၅ နှစ်အရွယ် ၊ဦးအောင်နိုင် ၊ ဦးတရုတ်ကြီး ၊ အသက် ၃၄ နှစ်အရွယ် ကိုမျိုးထက် ၊ ဖိုလ် ကုန်းရွာမှ အသက် ၅၃ နှစ်အရွယ် ဦးဝင်း ၊ အသက် ၆၀ အရွယ် ဦးချစ်ဝင်း ၊ ကျောင်းကုန်းကျေးရွာမှ အသက် ၃၇ နှစ်အရွယ် ကိုသိန်းတိုး ၊ အသက် ၄၅ နှစ်အရွယ် ဦးမြင့်မောင် နှင့် ဦးမျိုးဆန်းတို့ဖြစ်ပြီး လက်ပြန်ကြိုးတုတ်၍ ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း၊ ပြည်သူတစ်ဦးမှာ မီးရှို့သတ်ခံ ရခြင်းဖြစ်ကြောင်း သိရသည်။
“စစ်ကြောင်းပြန်ထွက်သွားလို့ ဝင်ကြည့်တော့ ဖမ်းခံရတဲ့ ပြည်သူတွေက အကုန်သတ်ခံထားရတာ ၃ ရက် ရှိပြီဆိုတော့ တချို့အလောင်းက အကောင်တွေ ကျနေပြီ၊ သတ်တာကလည်း ရက်ရက်စက်စက် ပဲ လက်ပြန်ကြိုးတုပ်ထားပြီး တကိုယ်လုံးဓားတွေနဲ့ ထိုးထားမွှန်း သတ်ထားတာ ၊အဲ့ထဲမှာ သပြေသာ ရွာက ဦးလှိုင်းဇာဇာ ဆိုတာ စကားမပြော တတ်ဘူး၊ သူ့ကိုလဲ သတ်သွားတာပဲ၊ တစ်ယောက်ဆိုရင် မီးရှို့ သတ်သွားတာ အလောင်းက အကုန်မလောင်သေးဘူး မီးရှို့ခံရတာလဲ ၂ ရွာပေါင်းအိမ်ခြေအ တော်များတယ် အခုထိ ပျက်စီးအတိအကျ အသိရသေးဘူး” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပြည်သူများကို ရက်ရက်စက်စက်သတ်ဖြတ်သွားသော အကြမ်းဖက်စစ်ကြောင်းသည် ယနေ့ ဇွန်လ ၂၆ ရက် နံနက် ၉ နာရီခန့်တွင် သပြေသာရွာနှင့် ကျောင်းကုန်းကြီးကျေးရွာတို့မှ ပြန်လည် ထွက်သွား ခြင်းဖြစ်ပြီး ဇီးကုန်းသကြားစက်သို့ ဝင်ရောက်သွားကြောင်း၊ ၎င်းမှ တဆင့် မွန်းတည့် ၁၂ နာရီခန့်တွင် ဂွေးကုန်းကျေးရွာသို့ ရောက်ရှိသွားကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းကြောင့် သပြေသာ၊ကျောင်းကုန်းကျေးရွာတို့အပါအဝင် အနီး အနား ရှိကျေးရွာများမှ ပြည်သူ ၈၀၀၀ ခန့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
Thanlwin Myanmar Media