Sagaing News

Sagaing News

ချောင်းဦးမြို့ထွေအုပ်ရုံးမှ ထွက်လာသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၃

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့မှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး – BLDF ထံမှ သိရသည်။

 

ဇွန်လ ၂၂ ရက် ညနေ ၅ နာရီ ၄၅ မိနစ်က ချောင်းဦးမြို့ အထွေထွေအုပ်ချုပ်ရေးမှူး ရုံးမှ အင်အား ၃၀ ခန့်ဖြင့် ထွက်လာသော စစ်တပ်စစ်ကြောင်းကို ချောင်းဦးမြို့၊ ဆုတောင်းပြည့်ဘုန်းကြီးကျောင်းနား အရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ စစ်ကောင်စီတပ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုရှိကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (အညာမိုင်း တပ်ဖွဲ့) မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နတ်တလင်းမြို့နယ်၊ ဆဲကန်ရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိ

နတ်တလင်းမြို့နယ်၊ ဆဲကန်ရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၁ ပဲခူးတိုင်း နတ်တလင်းမြို့နယ် ဆဲကန်ရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိ ကြောင်း Bamar Revolution Army တပ်ဖွဲ့က ထုတ်ပြန်သည်။ ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် နတ်တလင်းမြို့နယ်၊...