Sagaing News

Sagaing News

ပုလဲမြို့နယ် ကန်ဒေါင့်နယ်မြေရဲစခန်းသိမ်းတိုက်ပွဲတွင် စစ်သား ၄၀ ကျော်သေဆုံးပြီး ၄ ဦး အရှင်မိ (ရုပ်သံ)

 

သံလွင်မြန်မာသတင်း
ဇွန်လ ၂၂

 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်နယ်မြေရဲစခန်းသိမ်းတိုက်ပွဲတွင် စစ်သား ၄၀ ကျော်သေဆုံးပြီး ၃ ဦး အရှင်ဖမ်းမိကာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က ထုတ်ပြန်သည်။

 

ဇွန်လ ၁၉ ရက် နံနက် ၆ နာရီ မိနစ် ၄၀ က ပုလဲမြို့နယ်၊ ပုလဲ-ဂန့်ဂေါလမ်းမပေါ်ရှိ ကန့်ဒေါင့်နယ်မြေ ရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ၏ ဦးဆောင်မှုဖြင့် မဟာမိတ်တပ်ပေါင်း စုက သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း စစ်သား ၄၀ ကျော်သေဆုံးကာ ၄ ဦး အရှင် ဖမ်းမိခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဖမ်းမိထားသည့် ဒဏ်ရာရ စစ်သုံပန်းများကို ဆေးကုသပေးထားပြီး ဗမာပြည်ကွန်မြူနစ်ပါတီ ၏ သုံပန်းပေါ်လစီအတိုင်း ထိန်းသိမ်းထားကြောင်း အသိပေးထုတ်ပြန်ထားသည်။

ကန့်ဒေါင့်နယ်မြေရဲစခန်းသိမ်းတိုက်ပွဲကို ဇွန်လ ၂ ရက်နေ့မှ စတင်၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၂၀၀ ကျော်၊ ဗုံးသီး အလုံးရေ ၅၀၀ ကျော်ကြဲချခဲ့ကြောင်း၊ ထို သို့ ဗုံးကြဲတိုက်ခိုက်သည့် စစ်ကောင်စီ၏ F7 (Chengdu J-7) အမျိုးအစား တိုက်လေယာဉ်တစီးကို ဇွန်လ ၁၀ ရက် မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်တွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က ပစ် ချနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကန့်ဒေါင့်စခန်းသိမ်းပိုက်ရာတွင် ABSDF ကျောင်းသားတပ်မတော် စစ်ကြောင်း ၃၊ အမှတ် ၁၄ တပ်ရင်းမှ ရဲဘော်များက ဖြတ်တောက်နေရာက ပါဝင်တိုက်ခိုက်ခဲ့ကြပြီး ပြည်သူ့ညီညွတ်‌ရေး တပ်ဦး (PUF) ၊ ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း (ကျားသစ်နက်တပ်မတော်)၊ ဗမာလွတ် မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (𝗕𝗟𝗗𝗙) ၊ ဒေါင်းနက် နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့နှင့် အညာမြေတပ်ပေါင်းစုတို့က ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်မှုများအတွင်း ကျောင်းသားတပ်မတော် စစ်ကြောင်း ၃ ၊ အမှတ် ၁၄ တပ်ရင်းမှ ရဲဘော် ၃ ဦးသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ရကြောင်း ABSDF က ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ငါန်းဇွန်မြို့နယ်အတွင်း၌ စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ၊ ပျူ ၂၅ ဦးခန့်သေဆုံး (ရုပ်သံ)

ငါန်းဇွန်မြို့နယ်အတွင်း၌ စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ၊ ပျူ ၂၅ ဦးခန့်သေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၇ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲ၊ ပျူ ၂၅ ဦးခန့် သေဆုံးခဲ့ကြောင်း မန္တလေးခရိုင် အမှတ် ၅ တပ်ရင်းက ထုတ်ပြန်သည်။ ပြီးခဲ့သည့် ဇူလိုင် ၈ ရက်နေ့က ငါန်းဇွန်မြို့နယ်...