Sagaing News

Sagaing News

ယင်းမာပင်မြို့နယ်၊ ပုသိမ်- မုံရွာလမ်းပိုင်းတွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၀

 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာမြို့နယ်အရှေ့ခြမ်း ပုသိမ် -မုံရွာလမ်းပိုင်းတွင် စစ်တပ် စစ် ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ယင်းမာပင်ခရိုင် ပကဖ ထံမှ သိရ သည်။

 

ယမန်နေ့ ဇွန်လ ၁၉ ရက် နေ့က ယင်းမာပင်မြို့နယ် အရှေ့ခြမ်း ပုသိမ်-မုံရွာလမ်းပိုင်းပေါ်သို့ အကြမ်း ဖက်စစ်တပ် လက်အောက်ခံ အမှတ် ၂၈ ရဲတပ်ရင်းမှ ရဲများနှင့် အနောက်မြောက်တိုင်း စစ် ဌာနချုပ်- နမခမှ စစ်သားများ ပူးပေါင်းထားသော အင်အား ၅၀ ခန့်ပါ စစ်ကြောင်းကို ပုသိမ် -မုံရွာလမ်းမပေါ် တနေရာတွင် အသင့်ပြင်ဆင်ထားသော မိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး စစ်ကောင်စီတပ်သားများက အနီးအနားရှိ ကျေးရွားများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်မြို့နယ် တိုက်နယ် ၂ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မဲမှောင်ပျောက် ကြားတပ်ဖွဲ့မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ ရဲဘော်များ အနေဖြင့် ထိန်းချုပ်နယ်မြေများကို ကာကွယ်ရန် ကြိုးစားထမ်းဆောင်လျက်ရှိကြောင်း အသိပေး ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်ကိုင်းမြို့နယ်အတွင်း လှည်လည်နေသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေ ဆုံးပြီး လက်နက် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ၊ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး

စစ်ကိုင်းမြို့နယ်အတွင်း လှည်လည်နေသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေ ဆုံးပြီး လက်နက် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ၊ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၃ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း လှည့်လည်နေသော အကြမ်းဖက်စစ်တပ် စစ်တပ်စစ်ကြောင်း ကို တိုက်ခိုက်ခဲ့ရာစစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Thunderbird Local Defense Force တပ်ဖွဲ့ထံမှ သိရသည်။ အောက်တိုဘာ ၆ ရက်...