ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲတွင် PLA တပ်ဖွဲ့ဝင် ရဲမေများလည်း စွန့်စွန့်စားစား တိုက် ခိုက်ခဲ့ပြီး လေကြောင်း၊ မိုင်းအမြောက်အများဖြင့် ခုခံနေသည့်ကြားမှ သိမ်းပိုက်နိုင်ခဲ့၊ စစ်ကောင် စီ တပ်သား ၄၀ ကျော်သေဆုံး
သံလွင်မြန်မာသတင်း
ဇွန်လ ၂၀
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲတွင် PLA တပ်ဖွဲ့ဝင် ရဲမေများလည်း စွန့်စွန့် စားစား တိုက်ခိုက်ခဲ့ပြီး လေကြောင်း၊ မိုင်းအမြောက်အများဖြင့် ခုခံနေသည့်ကြားမှ သိမ်း ပိုက်နိုင်ခဲ့ ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား ၄၀ ကျော် သေဆုံးကြောင်း PLA တပ်ဖွဲ့ပြောရေးဆိုခွင့် ရှိသူ ရဲဘော်နီနီကျော်က ပြောကြးသည်။
ဇွန်လ ၂ ရက်နေ့မှစတင်၍ ပုလဲမြို့နှင့် ကန်ဒေါင့်နယ်မြေရဲစခန်းကို PLA ဦးဆောင်သော တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ လေကြောင်း၊ မိုင်းအမြောက်အများဖြင့် ခုခံ နေသည့် ကြားမှ ဇွန်လ ၁၉ ရက် နံနက် ၆ နာရီ ၄၀ မိနစ် အချိန်တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
“ရန်သူ့စစ်သားသေဆုံးတာကခန့်မှန်းခြေ ၄၀ ကျော်မယ်။ ထပ်တိုးနိုင်တယ်။ အတိအကျတော့ မရ သေးဘူး။ လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိတာလည်းရှိတယ်။ အရေအတွက်အတိအကျတော့ မရသေးဘူး။ နောက်ဆက်တွဲတွေလည်းထုတ်ပြန်ပေးပါ့မယ်” PLA တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ရဲဘော် နီနီကျော်က ပြောကြားသည်။
ဇွန်လ ၂ ရက်နေ့မှ ၁၉ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာများ၊ Y12 ဗုံး ကြဲလေယာဉ်များအပါအဝင် Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်နှင့် စက်တပ်လေထီးများဖြင့် လေ ကြောင်းပစ်ကူပေး တိုက်ခိုက်မှု အကြိမ်ရေ ၂၀၀ ကျော် ပြုလုပ်ခဲ့ပြီး ဗုံးသီးအလုံးရေ ၅၀၀ ကျော် ကြဲ ချခဲ့ ကြောင်း သိရသည်။
ဇွန်လ ၁၀ ရက် မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် ကန်ဒေါင့်စခန်းတိုက်ပွဲသို့ လေကြောင်းပစ်ကူ လာပေးသော စစ်ကောင်စီ၏ F7 (Chengdu J-7) အမျိုးအစား တိုက်လေယာဉ်တစီးကို ပြည်သူ့လွတ် မြောက်ရေးတပ်မတော် – PLA က ပစ်ချနိုင်ခဲ့ပြီး ယင်းလေယာဉ်သည် ကျေးရွာတရွာအတွင်းသို့ ထိုးစိုက်ပျက်ကျသွားကာ လေယာဉ်မှူးလည်း သေဆုံးခဲ့ကြောင်း သိရသည်။
“လေယာဉ်လာတိုင်းကြောက်လန့်နေစရာမလိုဘူး၊ ရှောင်သင့်တဲ့လူကရှောင်၊ ပစ်ချနိုင်တဲ့ လူက ပစ်ချ နိုင်ခဲ့အခွင့်အရေးရှာပြီး လေယာဉ်ကို ပစ်ချ၊ ဒီလိုပစ်ချနိုင်တယ်ဆိုတာလည်း နမူနာပြထားပြီးဖြစ်ပါ တယ်။ နောက်ထက်နောက်ထပ်လည်း ထပ်လာတဲ့ ရန်သူ့လေယာဉ်တွေဦ ဂျက်ဖိုက်တာဖြစ်၊ Mi 17 ဖြစ်ဖြစ်၊ Mi 35 ဖြစ်ဖြစ် ဘယ်လေယာဉ်ပဲဖြစ်ဖြစ် ရှိတဲ့လက်နက်နဲ့ပစ်ချလို့ရတယ်လို့ အသိပေးချင် ပါတယ်” ဟု PLA တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ရဲဘော်နီနီကျော်က ပြေဆိုသည်။
အဆိုပါစခန်းမကျရေးအတွက် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ အမြောက်အမြားအပြင် မြေ ပြင် စစ်ကူစစ်ကြောင်းများ၊ လက်နက်ခဲယမ်းများ၊ ရိက္ခာများလည်း ပေးပိုခဲ့ကြောင်း၊ အဓိကအားဖြင့် ကန့်ဒေါင့်ကျေးရွာ နှင့် ၃ မိုင်ခွဲခန့်ကွာဝေးသော စစ်ကောင်စီပြည်သူ့စစ် (ပျူစောထီး) များ အခြေစိုက် ရာ အင်မထီးရွာသို Mi17 ရဟတ်ယာဉ်ဖြင့် အကြိမ်ကြိမ် စစ်ကူပိုခဲ့ကြောင်း သိရသည်။
ထိုသို့ ပို့ဆောင်ခဲ့သည့် အင်မထီးရွာမှ ထွက်လာသော ပျူစောထီးနှင့် စစ်ကောင်စီပူးပေါင်း စစ်ကူ စစ်ကြောင်းများကိုလည်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA နှင့် မဟာမိတ်တပ်ပေါင်းစု များက စစ်ကြောင်းပျက်သည်အထိ အောင်မြင်စွာ တိုက်ခိုက်ဖြတ်တောက်ထားနိုင်ကြောင်း၊ ထို့ ကြောင့် ကန့်ဒေါင့်စခန်းရှိ ကူရာကယ်ရာမဲ့ စစ်ကောင်စီစစ်သားများနှင့် စစ်ကူလာသည့် စစ်ကောင်စီ တပ်သားများမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ အလွန်အမင်း ပျက်ပြားသွားခဲ့ကြောင်း သိရသည်။
ထို့အပြင် Y12 လေယာဉ်ဖြင့် ကန့်ဒေါင့်ရဲစခန်းသို ရိက္ခာထုတ်များ ချပေးခဲ့သော်လည်း ကျေး ရွာအ တွင်းကျနေသော ရိက္ခာထုပ်များကို စခန်းတွင်းမှ စစ်ကောင်စီစစ်သားများက လာရောက်ယူဆောင် ချိန်တွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲဘော်များက ပစ်ခတ်ဟန့်တားသဖြင့် ရိက္ခာထုပ်များ စခန်းထဲသို မရောက်နိုင်ဘဲ ငတ်ပြတ်နေခဲ့ကြောင်း သိရသည်။
ကန့်ဒေါင့်ရဲစခန်းသည် အချက်အချာကျသော အာဆီယံလမ်းမကြီး (ပုလဲ -ဂန့်ဂေါ လမ်းပိုင်းပေါ်) တွင် တည်ရှိပြီး အဆိုပါလမ်းသည် အိန္ဒိယနိုင်ငံအထိ သွားလာနိုင်သဖြင့် မဟာဗျူဟာအရ အလွန် အရေး ပါသောနေရာဖြစ်ကြောင်း၊ ထိုအပြင် ကန့်ဒေါင့်မှ အနောက်မြောက်ဖက် မိုင် ၃၀ ကျော်အကွာ တွင် စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၃) တည်ရှိပြီး အနောက်တောင်ဖက် ၃၅ မိုင် ခန့်တွင် (ကပစ ၂၄) တည်ရှိကြောင်း သိရသည်။
ကန့်ဒေါင့်ရဲစခန်းသည် ပုလဲမြို့မရဲစခန်းပြီးလျှင် ဒုတိယအကြီးဆုံး ရဲစခန်းဖြစ်ပြီး ဘန်ကာများ၊ မိုင်း ကွင်းများ၊ ကတုပ်ကျင်းများဖြင့် ခံစစ်အထပ်ထပ်ပြင်ထားသော တပ်စခန်းတခု ဖြစ်ကြောင်း သိရ သည်။
စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ ကန့်ဒေါင့်ရဲစခန်း မကျရေးအတွက် လေ ကြောင်းပစ်ကူ တရပ်စပ်သုံးကာ ခုခံသော်လည်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA နှင့် မ ဟာမိတ် တပ်ပေါင်းစု၏ မလျှော့သော ဇွဲလုံလ ဝီရိယများဖြင့် ရွပ်ရွပ်ချွံချွံ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ကြောင့် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းစခန်းသိမ်းတိုက်ပွဲတွင် ပြည်သူ့လွတ်မြောက် ရေးတပ်မတော်မှ အမျိုးသမီးရဲဘော်များလည်း ရွပ်ရွပ်ချွံချွံ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း PLA က အသိ ပေး ထားသည်။
အဆိုပါ ကန့်ဒေါင့်ရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း (ကျားသစ် နက်တပ်မတော်) ၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (𝗕𝗟𝗗𝗙)၊ ဒေါင်းနက် နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲနှင့် အညာမြေတပ်ပေါင်းစုတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
“ပြည်သူတွေကို တိုက်တွန်းချင်တာက ညီညွတ်မယ်ဆိုရင် ၊ ညီညီညွတ်ညွတ်နဲ့တိုက်မယ် ဆိုရင် ဒီစစ် အာဏာရှင်စနစ်ကြီးက အမြန်ဆုံးဘုံးဘုံးလဲ ပြုတ်ကျသွားမှာဖြစ်ပါတယ်။ မညီညွတ်ပဲနဲ့ ရှေ့ကလူက ရှေ့ကနေ အသေခံတိုက်နေတဲ့အချိန်မှာ နောက်ကလူက ပူးပေါင်းမတိုက်ပဲနဲ့ ဘေးကိုစောင်းဆင်း သွားမယ်၊ နောက်ကနေ ခြေထောက်တိုက်တုတ်ထားမယ်၊ လက်ကိုတုတ်ထားမယ်၊ အမျိုးမျိုး တား ထားမယ်ဆိုရင်တော့ အဆင်မပြေဘူး။ အဲဒါဆိုရင် ရန်သူ့အကြိုက်ဖြစ်သွားမယ်။ အခုလိုမျိုးညီညီ ညွတ် ညွတ်နဲ့ တစ်ယောက်က ရှေ့ကနေ တိုက်ရင် တစ်ယောက်ကနေ အနောက်ကနေ ဝိုင်းဝန်း ကူညီပြီး တတ်နိုင်သလောက်လုပ်ပေးမယ်ဆိုရင်တော့ ဒီထက်ကြီးမားတဲ့ အောင်ပွဲတွေထပ်ရ လာမှာပါ။ ဂျက်ဖိုက်တာတွေဒီလောက်အကြိမ်ကြိမ်ကြဲနေတဲ့ကြားထဲကနေ ကျမတို့ရဲဘော်တွေက မကြောက်မရွံ့နဲ့တိုက်ဝင်ခဲ့တာ၊ ဒီအောင်ပွဲကလည်း ပြည်သူ့ကို ပေးချင်တဲ့လက်ဆောင်ပါပဲ၊ အဖိနှိပ်ခံ ပြည်သူတစ်ရပ်လုံးအတွက် ပေးတဲ့လက်ဆောင်ပါပဲ၊” ဟု PLA ပြောရေးဆိုခွင့်ရှိသူ ရဲဘော်နီနီကျော် က ပြောကြားသည်။
Thanlwin Myanmar Media