Sagaing News

Sagaing News

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား၊ ရဲ ၂ ဦးသေဆုံး

 

D Day News

မေလ ၁၇

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းကျေးရွာရှိ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား၊ ရဲ ၂ ဦးသေဆုံးခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ မေလ ၁၆ ရက် ည ၁ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရဲစခန်း၌ အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ရဲများကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် နန်းတော်ကျွန်းဘက်မှ လက်နက်ကြီးပစ်ကူပေးခဲ့သည့် အပြင် စစ်ကိုင်းမြို့မှ သံပြားကာ ကား ၂ စီး ဖြင့် အင်အားဖြည့်တင်းခဲ့ကြောင်း သိရသည်။

 

“၂ ကောင်သေပြီး ၆ ကောင်ဒဏ်ရတယ်လို့ သတင်းအတိအကျ ရထားတာပါ။ ကျနော်တို့ဘက်က သွားဆော်တာက အယောက် ၂၀ တောင် မပြည့်ဘူး။ သူတို့ခံရတော့ အယောက် ၃၀၀ လောက် လာတိုက်ပါတယ် ဆိုပြီး သတင်းလွှင့် စစ်ကူတောင်းတာ။ မင်းကွန်းဘက်ကိုလည်း မာရှယ်လော ဆိုပြီး သတင်းတွေလွှင့်နေတယ်။” ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မင်းကွန်းတိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Phoenix SGG ၊ Royal Falcon Guerilla တပ်ဖွဲ့နှင့် ယူနီကွန်းပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်ဖြူမြို့နယ်၊ နှမ်းဖဲတောင်နှင့်မင်းတက်တောင်ကြား၌ စစ်တပ်စစ်ကြောင်း ၂ ခုကို AA တပ်ဖွဲ့က တိုက်ခိုက်ချေမှုန်းမှု စစ်မှုထမ်းစစ်သား ၁၀၀ ကျော် သေဆုံး

ကျောက်ဖြူမြို့နယ်၊ နှမ်းဖဲတောင်နှင့်မင်းတက်တောင်ကြား၌ စစ်တပ်စစ်ကြောင်း ၂ ခုကို AA တပ်ဖွဲ့က တိုက်ခိုက်ချေမှုန်းမှု စစ်မှုထမ်းစစ်သား ၁၀၀ ကျော် သေဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၅ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ နှမ်းဖဲတောင်နှင့် မင်းတက်တောင်ကြား၌ အကြမ်းဖက်စစ်တပ် စစ်ကြောင်း ၂ ခုကို အာရက္ခတပ်တော် -AA က တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်မှုထမ်းတပ်သား ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။ ဩဂုတ်လ ၂၂ ရက်နေ့က ကျောက်ဖြူမြို့နယ်၊...