Sagaing News

Sagaing News

ချောင်းဦးမြို့နယ်၊ ခင်မွန်ဘက်စုံခြံအနီးတွင် ကြေးနီတင်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၁၈

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ဘက်စုံခြံအနီးတွင် အကြမ်းဖက်စစ်ကောင်စီ၏ ကြေးနီတင် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ ကားပေါ်လိုက်ပါလာသော စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Area 71 LPDF Monywa တပ်ဖွဲ့ ထံမှ သိရသည်။

 

ယနေ့ ဇွန်လ ၁၈ ရက် နံနက် ၇ နာရီ ၃၀ မိနစ်ခန့်က မုံရွာမြို့မှ စစ်ကိုင်းမြို့ဘက်သို့ မုံရွာ-မန္တလေး လမ်းအတိုင်း ထွက်လာသော ကြေးနီတင်ယာဉ်တန်းကို ချောင်းဦးမြို့နယ်၊ ခင်မွန်ဘက်စုံခြံနားအ ရောက် Area 71 LPDF Monywa အဖွဲ့ရဲဘော်များက ပဒေသာမိုင်း ၄ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဉ်တန်း၏ ၄ စီးမြောက်ကားဦးခေါင်းပိုင်းကို ထိမှန်ခဲ့ပြီး ခေါင်းခန်းအတွင်းပါ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“ကားရဲ့ဦးခေါင်းပိုင်းကို ထိထိမိမိထိမှန်သွားတာ၊ ကားခေါင်းထဲက တစ်ယောက်သေတယ်။ မှောက် လျက်ကြီးပါသွားသလို ကားတံခါးမှာလည်း သွေးတွေစီးကျနေတယ်လို့ Scout က သတင်းပို့ထားပါ တယ်။ အဓိကဆွဲချင်တာက စခတွေပါတဲ့ လုံခြုံရေးကားကို ဆွဲချင်တာ၊ ပြည်သူတွေရဲ့ ဆိုင်ကယ်‌ တွေ၊ ကားတွေကိုရှောင်ပြီး ဆွဲခဲ့လိုက်ရတာပါ” ဟု Area 71 LPDF Monywa တပ်ဖွဲ့ခေါင်းဆောင် ကိုထွန်းက ပြောကြားသည်။

 

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ယာဉ်တန်းနှင့်အတူ လုံခြုံရေးလိုက်ပါလာသော စစ်သားများ၊ လမ်းပိုင်းတွင် ကင်းပုန်းယူနေသော စစ်သားများက ၄၀ မမ အပါအဝင် လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သော်လည်း မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေး မိုင်းအဖွဲ့နှင့် Area 71 LPDF Monywa အဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မုံရွာ -မန္တလေးလမ်းပိုင်းကို အသုံးပြုကြသော မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ ယာဉ်တန်းများ၊ ကင်းပုန်းစစ်သားများ၊ စစ်ကြောင်းများတွေ့ရှိပါက ဝေးဝေးမှရှောင်ကွင်း၍ သွားလာ ပေးကြပါရန်နှင့် လုံခြုံရေး၊ အသိ၊ သတိရှိစွာဖြင့် သွားလာနေထိုင်ပေးကြပါရန် မေတ္တာရပ်ခံတိုက် တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ကတ် ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦးသေဆုံးပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျပျက်စီး

အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ကတ် ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦးသေဆုံးပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ ကတ်လက်နက်ကြီး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦး သေဆုံးခဲ့ပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျ ပျက်စီးခဲ့ကြောင်း...