Sagaing News

Sagaing News

မုံရွာ-မန္တလေးလမ်းပေါ်တွင် အိမ်စီးကားဖြင့်ထွက်လာသော စစ်သားများကို တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦး အပါအဝင် ၃ ဦးသေဆုံး၊ ကားကို မီးရှို့ဖျက်ဆီး

 

သံလွင်မြန်မာသတင်း
ဇွန်လ ၁၈

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာအနီး မုံရွာ-မန္တလေးလမ်းမပေါ်တွင် အိမ်စီးကားဖြင့် ထွက်လာ သော စစ်သားများကို တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ကားကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း BRAVE HEART ARMY-BHA တပ်ဖွဲ့ထံမှ သိရသည်။

 

ဇွန်လ ၁၆ ရက် ည ၁၁ နာရီ ၂၇ မိနစ်က ချောင်းဦးမြို့၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ အိမ်စီးကား ဖြင့်ထွတ်လာသော စစ်သားများကို မုံရွာ-မန္တလေးလမ်းမကြီးပေါ် တောပုပျူစောထီးကျေးရွာ အနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၃ ပွင့်ဗိုလ်ကြီး ၁ ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာ ရရှိ ကာ တစ်ဦးထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

ထို့ကြောင်း ကားပေါ်ပါ စစ်သားများကိုင်ဆောင်သော MA1 ၊ ပါရီ ၊ MA5 ၊ 9mm ၊ Sig Batter အမျိုး အစားသေနတ် သေနတ် အရှည် ၂ လက်နှင့်အတို ၃ လက်၊ ဖုန်း ၃ လုံးတို့ သိမ်းဆည်းရရှိခဲ့ပြီး စစ် သားများ စီးနင်းလာသော အိမ်စီးကားကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို BRAVE HEART ARMY-BHA မှ တပ်ဖွဲ့မှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ၊ စစ်ကောင်စီ တပ်သားများကို ဆက်လက်၍ ချေမှုန်းနိုင်ရန် ကျည်ဆံများ လိုအပ်လျက်ရှိသောကြောင့် မိဘပြည်သူ များ အနေဖြင့် တက်နိုင်သမျှပါဝင် ထောက်ပံ့ပေးကြပါရန် မေတ္တာရပ်ခံပါကြောင်း ထုတ်ပြန်ထား သည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ကတ် ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦးသေဆုံးပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျပျက်စီး

အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ကတ် ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦးသေဆုံးပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ ကတ်လက်နက်ကြီး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦး သေဆုံးခဲ့ပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျ ပျက်စီးခဲ့ကြောင်း...