Sagaing News

Sagaing News

မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခကို ရှော့တိုက်ဒုံံးဖြင့် တိုက်ခိုက်မှု အရာရှိ ၂ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ဆီဂိုဒေါင်နှင့် အရံစက်ပစ္စည်းဂိုဒေါင်တို့ မီးလောင်ပျက်စီး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇွန်လ ၁၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့ရာ အရာရှိ ၂ ဦးအပါအဝင် စစ်သား ၅ ဦးသေဆုံးပြီး ဆီဂိုဒေါင်နှင့် အရံစက်ပစ္စည်းဂိုဒေါင် တို့မီးလောင်ပျက်စီးခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ပြန်သည်။

 

ဇွန်လ ၁၄ ရက် ည ၁၀ နာရီ ၁၀ မိနစ်က မုံရွာမြို့အခြေစိုက် အကြမ်းဖက်ကောင်စီ၏ အ နောက် မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံး ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ ရာ ၃ လုံးစလုံး နမခ တပ်အတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အရာရှိ ၂ ဦးနှင့် အခြားအဆင့်စစ်သည် ၃ ဦးပွဲချင်းပြီးသေဆုံးကာ အရာရှိ ၃ ဦးနှင့် အခြားအဆင့် စစ်သည် ၇ ဦးဒဏ်ရာရရှိပြီး တပ်တွင်းဆေး ခန်း တွင် ကုသမှုခံယူနေကြောင်း သိရှိရသည်။

ထို့အပြင် ဆီဂိုဒေါင်နှင့် အရံစက်ပစ္စည်းဂိုဒေါင်လည်း မီးလောင်ခဲ့ပြီး စစ်ဆင်ရေးရုံးနှင့် လေ့ကျင့်ရေး ရုံး အဆောက်အဦးနှင့် အရာရှိနေအိမ်တို့လည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Shadow (မုံရွာ) အဖွဲ့၊ ရွှေတြိဂံမဟာမိတ်တပ်ရင်း နှင့် Justice Brothers Force အဖွဲ့တိုပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး မစ်ရှင်ဖော်ဆောင်ခဲ့သောရဲဘော်များအားလုံး ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

 

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) သည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ပိုင်းနှင့်ချင်းပြည် နယ်တို့ရှိ လက်ရုံးတပ်ဖွဲ့များကို အဓိက အမိန့်ပေးကွပ်ကဲနေသောစစ်ဌာနချုပ်ဖြစ်ပြီး တော်လှန် ရေး အင်အားစုများကို နည်းမျိုးစုံ ဖြင့် နှိမ်နင်းနေသော ဌာနချုပ်ဖြစ်ကြောင်း၊ ယခုနောက်ပိုင်းတွင် စက် တပ်လေထီးများ၊ Drone များကိုလည်း နမခ ထဲ၌ ပင်မအထိုင်ထား၍ တော်လှန်ရေးအင်အားစုများ သာမက ပြည်သူလူထု ကိုပါ နည်းမျိုးစုံဖြင့် နှိပ်စက် သတ်ဖြတ်နေသောကြောင့် BWM ၏ Mission ၄၁ အဖြစ် ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

 

ထို့အပြင် နမခ အတွင်း ပျော်ပွဲ ရွှင်ပွဲ ကျင်းပမည်ကို ကြားသိရသောကြောင့် စစ်ကောင်စီနှင့် အပေါင်း အပါများအား မလုံခြုံသည့် ခံစားချက်နှင့် အမြဲတမ်းခြိမ်းချောက်ခံနေရသည့် ခံစားချက်ကိုရရှိစေရန် ရည်ရွယ်ပါကြောင်း ထပ်ဆင့်အသိပေးထားသည်။

 

မစ်ရှင်ဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ကူညီပေးကြသော နယ်မြေခံ တော်လှန်ရေး အင်အား စုများကိုလဲ BWM အဖွဲ့မှ အထူးကျေးဇူးတင်ရှိပါကြောင်း၊ BWM နှင့်မဟာမိတ် တိုသည် စစ်ရှုံးကောင် စီ၏ လေတပ်များ နှင့် အကြီးစား စစ်ရေး ပစ်မှတ်များကို ပြည်သူ့ကိုယ်စား ဆက်လက် တိုက်ခိုက် သွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ထန်းတပင်မြို့နယ်၊ မြို့စိုးရွာထဲတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ဦးသေဆုံး (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၁၃   ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ မြို့စိုးရွာထဲတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း တောင်ငူခရိုင် အမှတ် ၂ တပ်ရင်းထံမှ သိရသည်။  ...