Sagaing News

Sagaing News

ရွှေဘိုမြို့နယ်၊ ဆည်ပင်ကျွန်းရွာ ပျူစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်၊ ပျူခေါင်းဆောင် သေဆုံးပြီး ၁၈ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ

 

သံလွင်မြန်မာသတင်း
ဇွန်လ ၁၄

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆည်ပင်ကျွန်းရွာ ပျူစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ပျူ‌ ခေါင်းဆောင် သေဆုံးပြီး ၁၈ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းထံမှ သိရသည်။

 

ဇွန်လ ၉ ရက် နံနက် ၅ နာရီ ၃၀ မိနစ်က ရွှေဘိုမြို့နယ်၊ ဆည်ပင်ကျွန်းပျူရွာကို ဝင်ရောက်တိုက်ခိုက် ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး ကျောက်မြောင်းမြို့အခြေစိုက် ခမရ၁၂ တပ်ရင်း အတွင်း မှ လက်နက်ကြီး ပစ်ကူပေးကာ လေကြောင်းမှ Y12 လေယာဉ်ဖြင့် ဗုံးသီး ၁၉ လုံး ကြဲချနေသည့် ကြားမှ ၄၅ မိနစ်ခန့်အကြာ စခန်းသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းစခန်းသိးမ်တိုက်ပွဲအတွင်း ပျူအဖွဲ့ခေါင်းဆောင် ဟန်ဇာလင်းသေဆုံးသွားပြီး ၎င်း၏ နောက် လိုက်ပျူ ၁၈ ဦးကို G3 အမျိုးအစားသေနတ် ၂ လ၊က် ၊ ကာဘိုင် အမျိုးအစား သေနတ် ၆ လ၊က် ၊ ၁၂ ဗို့ အမျိုးအစား သေနတ်၂ လက် နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

“အချိန်သိပ်မကြာလိုက်ဘူး။ စခန်းသိမ်းမိတာ၊ ရွာကို စခန်းပုံစံလုပ်ထားတာ၊ ရွာထဲမှာက ပြည်သူ တွေလည်းရှိတယ်။ လက်ရှိတော့ စခတွေ ရွာထဲပြန်ဝင်တာမရှိသေးဘူး၊ ရွာထဲမှာ နေတဲ့ ပြည်သူ တွေကို ဘေးကင်းရာနေရာကို ရွှေ့ပြောင်းပေးထားပါတယ်။ တိုက်ပွဲဖြစ်ပြီးလေယာဉ်နဲ့ ဗုံးကြဲတော့ နေအိမ်ထိခိုက်ပျက်စီးတာတွေရှိတယ်။ အလုံးရေဘယ်လောက်ရှိလဲ တော့ မသိဘူး” ဟု ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းတာဝန်ခံ ဗိုလ်ကောက်ရိုးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်း၊ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်း၊ ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း၊ ရွှေဘိုခရိုင် အမှတ် ၂၆ တပ်ရင်း၊ ရွှေဘိုခရိုင် အမှတ် ၉၇၀၆ တပ်ရင်း၊ ရွှေဘို ခရိုင် အမှတ် ၁၇၀၁ တပ်ရင်း ၊ ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း တပ်ခွဲ ၃ နှင့် နယ်မြေ (ပကဖ) အဖွဲ့ များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဆည်ပင်ကျွန်းရွာ ပျူစောထီးများသည် တရွာထဲနေ အမျိုးသမီးငယ်များကို အလိုမတူပဲ မုဒိမ်းကျင့် ခြင်း ၊ အသက်မပြည့်သေးသည့် ၁၄ နှစ် အမျိုးသမီးငယ်ကို လက်နက်ပြခြိမ်းခြောက်ကာ အလို မတူပဲ အတင်းအဓမ္မသားမယားအဖြစ်ပေါင်းသင်းနေထိုင်ခြင်း၊ ပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခြင်းတို့ ကျူးလွန်နေကြသူများဖြစ်ကြောင်း သိရသည်။

 

“ပြည်သူတွေအနေနဲ့ ကို့ နေရာလေးတင်ပဲ နေ မနေကြပါနဲ့ သွားကြပါ လာကြပါ မျက်စိတွေဖွင့် နား တွေ စွင့်ကြပါ ပခ၊ စခတွေရဲ့ သတင်းအမှောင်ထဲမှာနေပြီး တဖက်ပိတ် ဘဝတွေနဲ့ နေမနေ ကြပါနဲ့ လို့ တော်လှန်ရေးအင်အားစုတွေနဲ့လည်းချိတ်ဆက် သတင်းပေးကြမှ အနိုင်ကျင့်ခံ အမှောင်ထုထဲက လွတ်မြောက်ကြမှာပါလို့ ပြောချင်ပါတယ်” ဟု ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းတာဝန်ခံ ဗိုလ် ကောက်ရိုးက ပြောဆိုသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

နောင်ချိုမြို့နယ်အတွင်း နေရာ ၃ နေရာ၌ စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်-TNLAတို့ တိုက် ပွဲဖြစ်   သံလွင်မြန်မာသတင်း ဇွန်လ ၁၄   ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ တပ်မဟာ ၃ နယ်မြေ၊ နောင်ချိုမြို့နယ်အတွင်း နေရာ ၃ နေရာ၌ စစ်ကောင်စီတပ်နှင့် တအာင်း တပ်မတော်-TNLAတို့...