Sagaing News

Sagaing News

မုံရွာမြို့နယ်၊ မအူစစ်တပ်ဂိတ်အနီး၌ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု အရာရှိတစ်ဦးအပါအဝင် ၃ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၁၃

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မအူစစ်တပ်ဂိတ်အနီးတွင် အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက် ခိုက်ခဲ့ရာ အရာရှိတစ်ဦးအပါအဝင် စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Brave Heart Army – BHA တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၁၂ ရက်ညနေ ၅ နာရီ ၄၀ မိနစ်က စစ်ကိုင်းတပ်မ ၃၃ မှ ထွက်လာသော ကြေးနီ တင်ကား ၁၉ စီး ၊ သံပြား ကာ ကား ၈ စီး ၊ မိုးကာအုပ် ၆ ဘီးကား ၃ စီးတို့ ပါယာဉ်တန်းကို မုံရွာ-မန်းလေးလမ်းမကြီးပေါ်၊ မုံရွာမြို့အဝင် မအူစစ်တပ်ဂိတ်အနီး၌ ကားတန်းအနက် ၁၀ စီးမြောက် ကားကို ပဒေသာမိုင်း ၅ လုံး ဖြင့် မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ဒီနေ့မနက်ထပ်သိရတာက ၃ ဦးသေတာ၊ ဆေးရုံရောက်မှာ တစ်ဦးထပ်သေတာ၊ မုံရွာမြို့ထဲကနေ ထွက်လာပြီးတော့ မအူဂိတ်၊ မအူဂိတ်ကနေဖြစ်စဉ်ဖြစ်တဲ့နေရာကို ရောက်လာတာ၊ ဖြစ်စဉ်ဖြစ်တဲ့ နေရာကနေမှ မအူဂိတ်၊ မအူဂိတ်ကနေမှ မုံရွာမြို့ထဲကို သယ်သွားတာပါ။ ကျနော်တို့ဘက်က ရဲဘော် တွေအားလုံး အထိအခိုက်မရှိခဲ့ပါဘူး။ ကျနော်တို့မှာ ကျည်လိုအပ်နေလို့ ကျည်ဖိုးလေးကူညီ ပေးကြပါ အုံးလို့ပြောချင်တယ်ပါတယ်” ဟု Brave Heart Army – BHA တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

ထိုသို့ တိုက်ခိုက်မှုအတွင်း အရာရှိတစ်ဦးအပါအဝင် စစ်သား ၂ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိကာ သံပြားကာ ကား ၁ စီးနှင့်ကြေးနီတင်ကား ၂ စီးလည်းပျက်စီးခဲ့ကြောင်း၊ တိုက်ခိုက်ခံရပြီး နောက် နာရေးကား ၁ စီး၊ အိမ်စီးကား ၁ စီး၊ သံပြားကာ ကား ၁ စီးဖြင့် သေဆုံးဒဏ်ရာရရှိသူများကို လာရောက်သယ်ဆောင်သွားပြီး ဒဏ်ရာရရှိသူများကို မုံရွာမြို့သို့သယ်ဆောင်သွားကြောင်း သိရ သည်။

 

အဆိုပါ တိုက်ခိုက်မှုကို Brave Heart Army – BHA ၊ Golden Target Force.GTF နှင့် Chindwin Fighter Group.CGF တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းများ လိုအပ်လျက် ရှိသောကြောင့် မိဘပြည်သူများအနေဖြင့် တတ်နိုင်သမျှပါဝင်ကူညီပေးကြပါရန် မေတ္တာရပ်ခံ တိုက် တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

သရက်ချောင်းမြို့နယ်၊ ပြင်းဖြူသား ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သားများ ရေချိုးနေစဉ် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၁၄   တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြင်းဖြူသား ဘုန်းကြီးကျောင်း၌ တပ်စွဲထား သော စစ်သားများရေချိုးနေစဉ် ဒရုန်းဖြင့်...