Sagaing News

Sagaing News

အရာတော်မြို့သို့ ရိက္ခာသယ်ရန် ထွက်လာသည့် ပျူစောထီးစစ်ကြောင်းကို တိုက်ခိုက်မှုထိခိုက် ပျူစောထီးများ သေဆုံးမှုရှိ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၁၁

 

စစ်ကိုင်းတိုင်း၊ အရာတော်မြို့သို့ ရိက္ခာသယ်ရန် ထွက်လာသည့် ပျူစောထီးစစ်ကြောင်းကို တိုက် ခိုက်ခဲ့ရာ ပျူစောထီးများ ထိခိုက်သေဆုံးမှုရှိကြောင်း Ngwe Dwin Revolution Force ထံမှ သိရ သည်။

 

ဇွန်လ ၆ ရက်နေ့က အရာတော်မြို့နယ်၊ ငွေတွင်းပျူစောထီးစခန်းအတွင်းမှ ပျူစောထီး အင်အား ၅၀ ခန့်သည့် အရာတော်မြို့သို့ ရိက္ခာသယ်ရန် ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ နှစ်ဖက် ညှပ်ပိတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး အများအပြားထိခိုက် ဒဏ်ရာရရှိကာ ငွေတွင်းရွာအတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

“အင်းအား ၅၀ ကျော်လောက်ရှိမယ်၊ စပါးတွင်းပျူရွာနဲ့ သလဲဘာပျူရွာတွေက အင်အား ၃၀ လောက် လာပြီး ငွေတွင်းရွာထဲကို လာပေါင်းထားသေးတယ်။ တိုက်ပွဲမှာက သေတဲ့စာရင်းတော့ မသိရဘူး။ သူ တို့က သတင်းလုံတယ်။ သေရင်လည်း နေရာမှာတင် မြေမြှုပ်ထားခဲ့တာ၊ ဒဏ်ရာရက သုံးလေး ယောက်လောက်တော့ရှိတယ်လို့ သိရပါတယ်။” ဟု Ngwe Dwin Revolution Force မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ငွေတွင်းရွာ ပျူစောထီးခေါင်းဆောင်ကျော်ဆွေမှ အရာတော်မြို့သို့ ရိက္ခာသယ်ရန်အတွက် လက်နက်ကြီးပစ်ကူနှင့်လေကြောင်းပစ်ကူပေးရန် စစ်ကောင်စီ၏ အထက် အရာရှိများထံ အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၂၁ တပ်ရင်း၊ တိုက်နယ် ၉၊ တိုက်နယ် ၁၀၊ တိုက်နယ် ၁၁၊ ပကဖ များ၊နှင့်နယ်ခံမဟာမိတ်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Kachin State News

Kachin State News

မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးကန်အရှေ့ဘက် စနွင်းကုန်းရွာအနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပြီး စစ် သား၊ SNA ပြည်သူ့စစ်များထိခိုက်သေဆုံးမှုများပြား၊ စစ်တပ်ကဂျက်ဖိုက်တာဖြင့် ပစ်ကူပေး တိုက် ခိုက်နေ   သံလွင်မြန်မာသတင်း ဇွန်လ ၁၃   ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးကန် အရှေ့ဘက်ခြမ်း၊ စနွင်းကုန်းရွာအနီးတဝိုက် တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်သား၊...