Sagaing News

Sagaing News

ပုလဲမြို့နယ်တွင် ပစ်ချခံရပြီး လေယာဉ် မီးလောင်ပျက်စီးမှုအတွင်း လေယာဉ်မှူးအလောင်း အပါ အဝင် ရုပ်အလောင်း ၄ လောင်းတွေ့ရှိ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၁၁

 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ပစ်ချခံရပြီး လေယာဉ် မီးလောင်ပျက်စီးမှုအတွင်း လေယာဉ်မှူး အပါအဝင် ရုပ်အလောင်း ၄ လောင်းတွေ့ရှိထားကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တပ်ဖွဲ့က ထုတ်ပြန်သည်။

 

ယမန်နေ့ ဇွန်လ ၁၀ ရက် မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်က ပုလဲမြိုနယ်၊ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲ ပစ်ကူပေးရန် လာရောက်တိုက် အကြမ်းဖက်စစ်ကောင်စီ၏ ဂျက်ဖိုက်တာ တိုက်လေယာဉ် တစ်စီးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA မှ ပစ်ချခဲ့ရာ ကျေးရွာတစ်ရွာအတွင်း ထိုးစိုက်ဆင်းသွား ပြီး နေအိမ် တစ်လုံးနှင့်အတူ မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

“အလောင်း ၄ လောင်းတော့တွေ့တယ်။ အကုန်လုံးက မီးလောင်ကျွမ်းပျက်စီးနေတဲ့အတွက်ကြောင့် လေယာဉ်မှူးအလောင်းလား၊ လေယာဉ်ပျက်ကျတဲ့ အရပ်သားနေအိမ်ပေါ်က ပြည်သူရဲ့ အလောင်း လားတော့ ခွဲခြားလို့မရသေးဘူး။ အလောင်း ၄ လောင်းတွေ့တာတော့ အတည်ပြုလို့ရပါတယ်” ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ရဲဘော် နီနီကျော်က ပြောကြားသည်။

 

ထိုသို့ မီးလောင်ပျက်စီးသွားသည့် နေရာကို ရှင်းလင်းစဉ် လေယာဉ်မှူးရုပ်အလောင်း အပါအဝင် နေအိမ်အတွင်းမှ ရုပ်အလောင်း ၃ လောင်း၊ ခြံဝန်းအတွင်းမှ ရုပ်အလောင်းတစ်လောင်း စုစုပေါင်း ၄ လောင်းတွေ့ရှိထားပြီး ၎င်းရုပ်အလောင်းများမှာ မီးလောင်ကျွမ်းထားသောကြောင့် မည်သူ၊ မည်ဝါ ခွဲခြား၍ မရဟုဆိုသည်။

 

မီးလောင်ကျွမ်းသွားသည့် လေယာဉ် အမျိုးအစားကိုလည်း အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်ပြီး ကန်ဒေါင့်ရွာ စစ်ကောင်စီတပ်စခန်းကို ဆက်လက်၍ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရ သည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

နတ်ရေကန်လေကြောင်းရန်တပ်စခန်းမှ ထွက်ပြေးလာသော စစ်သား ၂၃ ဦးကို အရှင်ဖမ်းမိ   သံလွင်မြန်မာသတင်း ဇွန်လ ၁၃   မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းမှ ထွက်ပြေး လာ စစ်သား ၂၃ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် - အရှို (CDF...