Sagaing News

Sagaing News

ကောလင်းမြို့နယ်၊ ကံကုန်းကျေးရွာနှင့် ဖလဲကျေးရွာတို့ကို စစ်တပ် လေကြောင်းဖြင့် ဗုံးကျဲတိုက် ခိုက်မှု အမျိုးသမီး ၁ ဦးသေဆုံးပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၁၀

 

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကံကုန်းကျေးရွာနှင့် ဖလဲကျေးရွာတို့ကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ် ရာ ရရှိခဲ့ကြောင်း Kawlin Revolution – KR ထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၉ ရက် ည ၉ နာရီ ၂၀ မိနစ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကောလင်းမြို့နယ်နှင့် ဝန်း သိုမြို့နယ်အစပ် ကံကုန်း ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦးမှ တက်လာသော ဂျက် ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲပစ် ခတ်တိုက်ခိုက်ခဲ့ရာ သားအဖနှစ်ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး သမီးဖြစ် သူမှာ သေဆုံး၍ ဖခင်ဖြစ်သူမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ကောလင်းမြို့နယ် အရှေ့ခြမ်းရှိ ဖလဲကျေးရွာကိုလည်း အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၂ ဦး ၊ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ပြီး ပြည်သူ့နေအိမ် ၆ လုံးလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

Photo – ကံကုန်းကျေးရွာပေါ်သို့ လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်ဆီးသွားသည့် နေအိမ် အချို့

Thanlwin Myanmr Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဂန့်ဂေါမြို့နယ်၊ စိုင်ဒူးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်၊ အဆောက်အအုံ ၄ လုံး ကို မီးရှို့ဖျက်ဆီး

ဂန့်ဂေါမြို့နယ်၊ စိုင်ဒူးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်၊ အဆောက်အအုံ ၄ လုံး ကို မီးရှို့ဖျက်ဆီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၈ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ စိုင်ဒူးရွာကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်၊ အဆောက်အအုံ ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ယောအလင်းတန်းထံမှ သိရသည်။ ယနေ့ အောက်တိုဘာလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ဂန့်ဂေါမြို့၊ ခလရ ၅၀...