Sagaing News

Sagaing News

စစ်ကိုင်းမြို့မှ မုံရွာမြို့ထွက်လာသော စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်

 

D Day News

စက်တင်ဘာလ ၁၅

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ တပ်မ ၃၃ မှ မုံရွာမြို့ဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ ၏ ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း BRAVE HEART ARMY-BHA ထံမှ သိရသည်။

 

စက်တင်ဘာလ ၁၂ ရက် ညနေ ၃ နာရီခန့်က စစ်ကိုင်း -မုံရွာလမ်းမပေါ် မုံရွာ-ချောင်းဦးလမ်းပိုင်းတ နေရာ၌ စစ်ကိုင်းတပ်မ ၃၃ မှ မုံရွာဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ၂၇ စီးပါ ယာဉ်တန်းအနက် ၁၁ စီးမြောက်ကားကို မောင်းပြန်လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ ကြောင်း၊ ယာဉ်ပေါ်ပါ အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ထိခိုက်သေဆုံးမှုနောက်ဆက်တွဲက စုံစမ်းမရသေးပါဘူး။ ကားတန်းက ဝမ်ပေါင်ကို တန်းမောင်းသွား တော့ စုံစမ်းမရတာပါ။ ကျနော်တို့‌ မောင်းပြန် ၈ လက်နဲ့ ဝိုင်းဝန်းပစ်ခတ်ခဲ့တာပါ” ဟု BRAVE HEART ARMY-BHA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို BRAVE HEART ARMY-BHA နှင့် CHINDWIN FIGHTER GROUP.CFG တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာတောင်ဘက်၌ ပေါ်တာဆွဲနေသော စစ်သားများကို တိုက်ခိုက်၊ ဘုန်းကြီးကျောင်းရေစက်ချအလှူပြုလုပ်နေစဉ် ဘုန်ကြီးကျောင်းသား ၄ ဦး ပေါ်တာဆွဲခံရ

ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာတောင်ဘက်၌ ပေါ်တာဆွဲနေသော စစ်သားများကို တိုက်ခိုက်၊ ဘုန်းကြီးကျောင်းရေစက်ချအလှူပြုလုပ်နေစဉ် ဘုန်ကြီးကျောင်းသား ၄ ဦး ပေါ်တာဆွဲခံရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၅ မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာတောင်ဘက်၌ ပေါ်တာဆွဲ ဖမ်းဆီးနေသော စစ် သားများကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း မကွေးတိုင်း၊ ပကဖက ထုတ်ပြန်သည်။ စက်တင်ဘာလ ၁၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်က ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာ...