စစ်တပ်ဂျက်ဖိုက်တာတစ်စီးကို PLA ၊ PDF တပ်ဖွဲ့များက ပူးပေါင်းပစ်ချခဲ့ဟု ပုလဲမြို့နယ် ပအဖ ထုတ်ပြန် (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဇွန်လ ၁၀
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စစ်ကောင်စီ၏ ဂျက်ဖိုက်တာတစ်စီးကို PLA ၊ PDF တပ်ဖွဲ့များက ပူးပေါင်းကာ ပစ်ချခဲ့ကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ -ပအဖ ထုတ်ပြန်သည်။
ယနေ့ ဇွန်လ ၁၀ ရက်နေ့တွင် ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာရှိ ပျူစောထီးစခန်းကို MOD တပ်ရင်း တပ်ဖွဲ့များ၊ ပကဖ တပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းကို လည်း ဇွန်လ ၂ ရက်နေ့မှစ၍ PLA ဦးဆောင်ပြီး မဟာမိတ်များနှင့်ပေါင်းကာ ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်နေစဉ် ယနေ့ ဇွန်လ ၁၀ ရက် မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်၌ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ MOD တပ်ရင်းတပ်ဖွဲ့များဘက်မှရော PLA ရဲဘော်များဘက်ကပါ ပွိုင့်ဖိုက် ၊ စက်သေနတ်ကြီးများဖြင့် ၂ နေရာခွဲ၍ ပစ်ခတ်ခဲ့ရာ ဒုတိယ ဂျက် ဖိုက်တာ တစ်စီးကို ထိမှန်ပြီး ဇီးဖြူကုန်းကျေးရွာ အရှေ့တောင်ဘက် ၃ မိုင်ခန့်အကွာ ကျေးရွာရှိ ဘုန်းကြီးကျောင်းထဲသို့ ပျက်ကျသွားခဲ့ကြောင်း သိရသည်။
ဇီးဖြူကုန်းရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအလောင်းများ၊ စစ်သုံ့ပန်းများနှင့် လက်နက် ခဲယမ်းများလည်း သိမ်းဆည်းရရှိထားပြီး တိုက်ပွဲမှာလည်း ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။
ကန်ဒေါင့်ရဲစခန်း၊ ဇီးဖြူကုန်းရဲ မကျရှုံးစေရေးအတွက် အကြမ်းဖက်စစ်တပ်က Y 12 လေယာဉ်၊ ဂျက် ဖိုက်တာ၊ ပါရာမော်တာများဖြင့် ဗုံးအလုံးရေ ၅၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းဖြင့် အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်နေသောကြောင့် ကျေးရွာ ၂၀ ခန့်မှ ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေကြရကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
အလားတူ ယနေ့ ဇွန်လ ၁၀ ရက် မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်က ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲအတွင်း ပစ်ကူပေးရန်လာရောက်သည့် စစ်ကောင်စီ ဂျက်ဖိုက်တာတစီးကို ပြည်သူ့လွတ် မြောက်ရေးတပ်မတော် – PLA ကပစ်ချနိုင်ခဲ့ပြီး လေယာဉ်အမျိုးအစားနှင့် လေယာဉ်မှူးသေဆုံးမှုရှိ၊ မရှိ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Thanlwin Myanamr Media