Sagaing News

Sagaing News

ပုလဲမြို့နယ်၊ ကန်ဒေါင့်ရွာ စစ်တပ်စခန်းကို ပစ်ကူလာသည့် ဂျက်ဖိုက်တာတစ်စီးကို ပစ်ချခံရပြီး ပျက်စီးနေမှု မှတ်တမ်း ဓာတ်ပုံများထုတ်ပြန်

 

သံလွင်မြန်မာသတင်း

ဇွန်လ ၁၀

 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ရွာ အကြမ်းဖက်စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု အတွင်း ပစ်ကူပေးရန်လာရောက်သည့် ဂျက်ဖိုက်တာတစ်စီးကို ပစ်ချနိုင်ခဲ့ကြောင်း ပြည်သူ့လွတ် မြောက်ရေးတပ်မတော် – PLA က ထုတ်ပြန်သည်။

 

ယနေ့ ဇွန်လ ၁၀ ရက် မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်က ပုလဲမြို့နယ်၊ ကန့ဒေါင့်ကျေးရွာရှိ စစ်တပ် စခန်းသိမ်း တိုက်ပွဲအတွင်း ပစ်ကူပေးရန် လာရောက်သည့် အကြမ်းဖက်စစ်ကောင်စီ၏ ဂျက်ဖိုက် တာ တစ်စီးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA မှ ပစ်ချခဲ့ရာ စပါးစေ့ ကျေးရွာ အတွင်း ပျက်ကျသွားကြောင်း သိရသည်။’

ထိုသို့ ပျက်ကျပြီးနောက် အကြမ်းဖက်စစ်ကောင်စီ၏ ဂျက်ဖိုက်တာ ရဟတ်ယာဉ်မှာ ပျက်ကျနေ သည့်ရာမှ ဘုန်းကြီးကျောင်းအဆောက်အအုံများနှင့်အတူ မီးလောင်သွားပြီး လေယာဉ်အမျိုးအစား နှင့် လေယာဉ်မှူးများ သေဆုံးမှု ရှိ၊ မရှိကို ဆက်လက် စိစစ်နေဆဲဖြစ်ကြောင်း၊ ယခုပုံများသည် စစ်ကောင်စီ၏ ဂျက်ဖိုက်တာ အပျက်အစီး ဓာတ်ပုံများ ဖြစ်ကြောင်း အသိပေးထားသည်။

 

ဇွန်လ ၂ ရက်နေ့ကစတင်၍ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA မှ ဦးဆောင်၍ တိုက်ခိုက် သိမ်းပိုက်လျက် ရှိပြီး အသေးစိတ်အခြေအနေများကို ဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မင်းတပ်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု မသန်စွမ်း အမျိုးသမီး ၁ ဦးနှင့် ကျောင်းသား ၃ ဦး သေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရ

မင်းတပ်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု မသန်စွမ်း အမျိုးသမီး ၁ ဦးနှင့် ကျောင်းသား ၃ ဦး သေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၉ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မသန်းစွမ်းအမျိုးသမီး ၁ ဦးနှင့်ကျောင်းသား ၃ ဦး စုစုပေါင်း ၄ ဦး သေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့ကြောင်း CDF -Mindat...