Sagaing News

Sagaing News

ပုလဲမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာ တစ်စီးကို PLA တပ်ဖွဲ့မှ ပစ်ချ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၁၀

 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်နယ်မြေရဲစခန်းသိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီ၏ ဂျက်ဖိုက်တာ တစ်စီးကို ပစ်ချနိုင်ခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က ထုတ် ပြန်သည်။

 

ယနေ့ ဇွန်လ ၁၀ ရက် မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်က ပုလဲမြို့နယ်၊ ပုလဲ-ဂန့်ဂေါကားလမ်းမပေါ်ရှိ ကန်ဒေါင့်နယ်မြေရဲစခန်းသိမ်းတိုက်ပွဲအတွင်း လေကြာင်းပစ်ကူပေးရန်လာရောက်သည့် အကြမ်းဖက် စစ်ကောင်စီ၏ ဂျက်တာတိုက်လေယာဉ်တစ်စီးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA မှ ပစ်ချ နိုင်ခဲ့ပြီး အသေးစိတ်အချက်အလက်များ ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ထုတ် ပြန်ထားသည်။

ဇွန်လ ၂ ရက်နေ့မှစ၍ ပုလဲမြို့နယ်၊ ပုလဲ -ဂန့်ဂေါဘမ်းမပေါ်ရှိ ကန်ဒေါင့်ကျေးရွာ နယ်မြေရဲစခန်း၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်သားများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ယနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း၊ တိုက်ပွဲစတင်ချိန်မှ ယနေ့အချိန်အထိ စစ်ကောင်စီတပ်က ပြည်သူလူထုနေထိုင်ရာကျေးရွာများကို ပစ်မှတ်ထား၍ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိကာ ကျေးရွာပေါင်း ၂၀ ခန့်မှ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
KNU News

KNU News

ထိုင်း -မြန်မာနယ်စပ်ရှိ ပွိုင့် ၂၅၆၆ စခန်းကို သိမ်းပိုက်ရရှိ   သံလွင်မြန်မာသတင်း ဇွန်လ ၁၀   တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ ထိုင်း -မြန်မာနယ်စပ်ရှိ ပွိုင့် ၂၅၆၆ စစ်တပ်စခန်းကို သိမ်းပိုက်ရရှိခဲ့ ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။...