ထီးချိုင့်မြို့နယ်၊ ပေါက်ကုန်းကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂ ဦး အပြင်းအထန်ဒဏ်ရာရ
သံလွင်မြန်မာသတင်း
ဇွန်လ ၉
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ပေါက်ကုန်းကျေးရွာကို စစ်တပ် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက် ခဲ့ရာအမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။
မေလ ၇ ညပိုင်းက ထီးချိုင်မြို့နယ် ၊ ပေါက်ကုန်းရွာနှင့် ဒေသအခေါ် ကျူတောက် အနီး တစ်ဝိုက် နေရာတို့ကို အကြမ်းဖက်စစ်ကောင်စီတပ်၏ မိတ္ထီလာလေတပ်မှ တက်လာသော ဂျက်ဖိုက် တာဖြင့် လေကြောင်းဖြင့် ဗုံးသီး ၂ လုံး ကျဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ဦးသေဆုံးပြီး အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၁ ဦးတို့ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ပေါက်ကုန်းရွာ အဝင် စာသင်ကျောင်းလမ်းက အိမ်တစ်လုံး ပေါ်ကို ဗုံးသီး ၂ လုံကျဲ ချသွား တာ။အိမ် ၁ လုံးကတော့ အစကို ရှာလို့ မရတော့ဘူး။ အနီးအနားမှာရှိတဲ့ အိမ်တွေလည်း ကျည်စထိမှန်ပျက်စီး တယ်။ နွားတစ်ကောင်လည်း သေဆုံးရတယ်။ နောက်ပြီး အမျိုးသမီးတစ်ဦး လည်းပင်းပြတ်ရှဒဏ် ရာနဲ့ နေရာတင် သေတယ်။ အမျိုးသားတစ်ဦးနဲ့ အမျိုသမီးတစ်ဦးလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရ တယ်။ အသက်အန္တရယ်ဆိုးရိမ်ရတဲ့ အခြေအနေပါ၊၊” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။
ထို့အပြင် ကျူတောက်ဘက်သို့ ဗုံးကျဲချခံရမှုနှင့်ပတ်သက်၍ ထိခိုက်ပျက်စီးမှုအခြေအခြေကို သိရှိ ရ ခြင်းမရှိသေးကြောင်း၊ ပေါက်ကုန်းကျေးရွာသည် ချိုင့်မြို့ မြောက်ဘက်တွင် တည်ရှိပြီး ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ဖူး ကြောင်း သိရသည်။
Thanlwin Myanmar Media