ပုလဲမြို့နယ်၊ ကန်ဒေါင့်နယ်မြေရဲစခန်းသိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်တပ် လေကြောင်း ဖြင့် အဆက်မပြတ်ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးကာ ၅ ဦး အပြင်း အထန် ဒဏ်ရာရ
သံလွင်မြန်မာသတင်း
ဇွန်လ ၈
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပုလဲ-ဂန့်ဂေါလမ်းပေါ်ရှိ ကန်ဒေါင့်နယ်မြေရဲစခန်းသိမ်းတိုက်ပွဲဆက် လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်က လေကြောင်းဖြင့် အဆက်မပြတ် ဗုံးကျဲတိုက်ခိုက်နေ သော ကြောင့် ပြည်သူ ၂ ဦးသေဆုံးကာ ၅ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ် များထံက သိရသည်။
ဇွန်လ ၂ ရက်နေ့မှစ၍ ပုလဲမြို့နယ်၊ ပုလဲ -ဂန့်ဂေါဘမ်းမပေါ်ရှိ ကန်ဒေါင့်ကျေးရွာ နယ်မြေရဲစခန်း၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်သားများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ယနေ့ ဇွန်လ ၈ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း၊ တိုက်ပွဲစတင်ချိန်မှ ယနေ့အချိန်အထိ စစ်ကောင်စီတပ်က ပြည်သူလူထုနေထိုင်ရာကျေးရွာများကို ပစ်မှတ်ထား၍ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိကာ ကျေးရွာပေါင်း ၂၀ ခန့်မှ ပြည်သူများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
“စခန်းသိမ်းတိုက်ပွဲကမပြီးသေးဘူး။ စခတွေဘက်က Y12 နဲ့ချလိုက်၊ ဂျက်ဖိုက်တာနဲ့ ချလိုက်၊ မနေ့ ကဆိုရင်စက်တပ်လေထီးတွေနဲ့ ညရောချနေတာ၊ မနေ့က ဂျက်ဖိုက်တာနဲ့ချတာက ပိတောက်ကုန်း ရွာက နွား ၃ ကောင်သေတယ်၊ ကြက်ရင်းမှာက လူ ၆ ယောက်မှာ ၅ ယောက်ဒဏ်ရာအပြင်းအထန် ရတယ်။ အဖွားအိုတစ်ယောက်က ခေါင်းကို ကျည်စထိမှန်ပြီးသေတာ၊ လေယာဉ်ကတော့ နေ့တိုင်း တာပဲ၊ ဒီနေ့လည်း Y12 နဲ့ ဗုံးအလုံးရေ ၅၀ လောက်ချသွားတယ်။ ဂျက်ဖိုက်တာနဲ့ကလည်း အဆက် မပြတ်တက်လာပြီး ဗုံးကျဲတာရော၊ ပစ်တာရောလုပ်နေတာ၊” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောကြားသည်။
ဇွန်လ ၆ ရက် မွန်းလွဲ ၂ နာရီခန့်က ပုလဲမြို့နယ်၊ ပုလဲ-ဂန့်ဂေါလမ်းမပေါ်ရှိ မင်းတိုင်ပင် ကျေးရွာ အထက်တန်းကျောင်းကို ပစ်မှတ်ထားကာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး ခေါင်းပြတ်သေဆုံးပြီး စာသင်ကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ ကြောင်း၊ ထို့အပြင်အကြမ်းဖက်စစ်တပ်က အင်မထီးကျေးရွာ ပျူစောထီးစခန်းကို ထောက်ပို့ရဟတ် ယာဉ်ဖြင့် စစ်သားအင်အားအပြည့်တင်ဆောင်ကာ ၇ ကြိမ်ခန့် ဖြည့်တင်းထားကြောင်း သိရသည်။
“အင်မထီးတော့ ရဟတ်ယာဉ်နဲ့ ၇ ခေါက်ချထားတယ်၊ တိုက်ပွဲဖြစ်တဲ့ ၁ ရက်နေ့ကတည်းကစပြီး ဂျက်ဖိုက်နဲ့က ၂ စီးတွဲချည်းပဲ တက်လာပြီး တိုက်နေတာ၊ Y12 နဲ့ကလည်း တစ်ခါချရင် ၁ နာရီ၊ ၂ နာရီ အဲလိုလှည့်ပတ်ချနေတာ၊ တစ်ခါချရင် ဗုံးအလုံး ၄၀ ၊ ၅၀ အဲလိုချတာ၊ စက်တပ်လေထီးနဲ့ကလည်း ညတုန်းကလည်း လာချသေးတယ်၊ တိုက်ပွဲအခြေအနေကတော့ ဘာမှ မသိရသေးဘူး။ ဘေးရှောင် နေရတဲ့ပြည်သူတွေကလည်းများတယ်၊ လေကြောင်းကတော့ ကြောက်နေရတယ်” ဟု တော်လှန် ရေး သတင်းမြစ်တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုနေထိုင်ရာ ကျေးရွာများကို ပစ်မှတ်ထား၍ လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်နေမှုကြောင့် သာစည်၊ သရက်လှ၊ ရွာသစ် ၊ ညောင်ရင်း၊ သရက်ကန်၊ တလိုင်းကန်၊ ကြောင်ဝမ်းဒူး။ အောင်ချမ်းသာ၊ ကိုးပင်တို့အပါအဝင် ကန်ဒေါင့်ကျေးရွာအနီးတဝိုက်ရှိ ကျေးရွာပေါင်း ၂၀ ခန့်မှ ပြည်သူများမှာ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။
Thanlwin Myanmar Media