Sagaing News

Sagaing News

ကန့်ဘလူမြို့နယ်၊ ရင်ငတ်ကုန်းရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိပြီး စေတီတစ်ဆူနှင့် လူနေအိမ် ၂ လုံးပျက်စီး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၈

 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရင်ငတ်ကုန်းရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး စေတီတစ်ဆူနှင့် နေအိမ်၂ လုံးပျက်စီးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၇ ရက် နံနက် ၁၁ နာရီ ၉ မိနစ် နှင့် ၁၁ နာရီ ၁၂ မိနစ်တို့တွင် ကန့်ဘလူမြို့နယ်၊ ရင် ငတ်ကုန်းရွာဘုန်းကြီးကျောင်းအား စစ်ကောင်စီ၏ တံတားဦးမှ တက်လာသော ဂျက်ဖိုက်တာတစ်စီး ဖြင့် တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ အကြောင်းမဲ့ ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျာင်းအတွင်းရှိ စေတီ တစ်ဆူ ၊ မီးစက်ထားသည့် အဆောင်နှင့်ဘုန်းကြီးကျောင်း အနီးနားရှိ ပြည်သူပိုင်နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အပြင် အပြစ်မဲ့ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နွား တစ် ကောင်လည်း သေဆုံးခဲ့ကြောင်း သိရ သည်။

 

မေလအလယ်မှစ၍ ကန့်ဘလူမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်က စစ်ကြောင်းများဆက်တိုက် ထိုး ကာ အပြစ်မဲ့ပြည်သူများ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ပြည်သူပိုင်ပစ္စည်းများ ခိုးယူခြင်းနှင့် လေကြောင်း မှ ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီသည် စစ်ကိုင်းငလျင်ကြောင့် တဖက်သတ်အပစ်အခတ်ရပ်စဲရေး ကြေညာ ထားသော်လည်း ၎င်းတို့ကြေညာချက်ကို ၎င်းတို့ကိုယ်တိုင်ချိုးဖောက်ကာ ဘုန်ကြီးကျောင်း၊ စာသင် ကျောင်းနှင့် အပြစ်မဲ့ပြည်သူများ နေထိုင်ရာ ကျေးရွာများကို ပစ်မှတ်ထားကာ လေကြောင်း ဖြင့် ဗုံး ကြဲ တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

အကြမ်းဖက်စစ်အုပ်စု၏ ညှင်းပန်းနှိပ်စက်မှုကြောင့် ကင်ဆာရောဂါရရှိပြီး ဆေးဝါးလုံလောက်စွာ ကုသမှုမပေးသဖြင့် မန္တလေးမြို့၊ ရတနာပုဂံတိုက် ဆရာတော် ဦးပသံသိယ ပျံလွန်တော်မူ   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၇   မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်အတွင်း၌ အကြမ်းဖက်စစ်အုပ်စု၏ ညှင်းပန်းနှိပ်စက်မှုကြောင့် ကင်ဆာရောဂါရရှိပြီး ဆေးဝါးကုသမှု လုံလောက်စွာ မရရှိသဖြင့် ရတနာပုဂံတိုက် ဆရာတော်...