ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာရှိ အထကကျောင်းကို ပစ်မှတ်ထားကာ စစ်တပ်က လေကြာင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး စာသင်ကျောင်းနှင့်နေအိမ်အချို့ပျက်စီး
သံလွင်မြန်မာသတင်း
ဇွန် ၇
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပုလဲ-ဂန့်ဂေါလမ်းမပေါ် မင်းတိုင်ပင်ကျေးရွာရှိ အထက်တန်းကျောင်းကို ပစ်မှတ်ထားကာ စစ်တပ်က လေကြာင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး စာသင် ကျောင်းနှင့်နေအိမ်အချို့ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။
ယမန်နေ့ ဇွန်လ ၆ ရက် မွန်းလွဲ ၂ နာရီခန့်က ပုလဲမြို့နယ်၊ ပုလဲ-ဂန့်ဂေါလမ်းမပေါ်ရှိ မင်းတိုင်ပင် ကျေး ရွာ အထက်တန်းကျောင်းကို ပစ်မှတ်ထားကာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး စာသင်ကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ ကြောင်း သိရသည်။
“စာသင် ကျောင်းကို ချသွားတာ။၂ ထပ်စာသင်ဆောင်လည်းပျက်စီးတယ်။ နောက်ပြီးစာသင်ကျောင်း အနီးက အိမ်တွေလည်း ပျက်စီးတယ်။ စာသင်ကျောင်းထဲ နေတဲ့ ပြည်သူအမျိုးသားတစ်ဦးလည်း ဦး ခေါင်း ပြတ်ထွက် ပြီးသေဆုံးတယ်။စာသင်ကျောင်း ဘေးအိမ်တွေထဲက ပြည် သူအများအပြားလည်း ဒဏ်ရာရကြတယ်။ ဒဏ်ရာရတဲ့သူတွေ တော်တော်များတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်ခဲ့သည့် မင်းတိုင်ပင်ကျေးရွာသည် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ကျေးရွာတစ်ရွာဖြစ်ပြီး ပုလဲမြို့နယ်ကန်ဒေါင့်ရဲစခန်းနှင့် စစ်ကူစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ပိတ်ဆို့ခိုက်လျက်ရှိကြောင်း သိရသည်။
Thanlwin Myanmar Media