ကန့်ဘလူမြို့နယ်တွင် စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး အသက် မပြည့်ကလေးငယ်များ အပါအဝင် ၁၆ ဦးကို ဖမ်းဆီး၊ စစ်တပ်က စစ်ကြောင်း ၄ ကြောင်းဖြင့် တိုက်နယ်နှစ်ခုအတွင်း ဝင် ရောက်နေသော ပြည်သူ သောင်းချီထွက်ပြေးနေရ
သံလွင်မြန်မာသတင်း
ဇွန်လ ၃
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်တပ်စစ်ကြောင်းက ပြည်သူ ၂ ဦးကို ပစ်ခတ်သတ်ဖြတ်ပြီး အသက် မပြည့်သူ ကလေးငယ် များအပါအဝင် ၁၆ ဦးကို ဖမ်းဆီးသွားကြောင်း ကျွန်းလှတက်ကြွလှုပ် ရှားသူများအဖွဲ့ထံမှ သိရသည်။
မေလ ၃၁ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ ချပ်သင်းတိုက်နယ်အတွင်းမှ ထွက်လာသော အကြမ်းဖက် စစ်တပ်စစ်ကြောင်းသည် ကံကြီးရွာအနောက်ကုန်းသို့ ဝင်ရောက်ခဲ့ပြီး အသက် ၄၀ အရွယ် ကိုသိန်း ထွေး နှင့် အသက် ၂၀ အရွယ် မောင်ဇေယျာထွန်းတို့ ၂ ဦးကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့ ပြီး အသက် ၇ နှစ်၊ ၈ နှစ်၊ ၁၂ နှစ်အရွယ် မိန်း ကလေးငယ် ၃ ဦးအပါအဝင် ပြည်သူ ၁၆ ဦးကို ဖမ်းဆီး သွားကြောင်း၊ ထိုသို့ဖမ်းဆီးခံရသူများမှာ ယ နေ့အထိပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။
“အသတ်ခံရသူတွေက အသက် ၄၀ နဲ့ အသက် ၂၀ အရွယ်တွေပါ၊ ဖမ်းသွားတဲ့ ပြည်သူတွေရဲ့ အခြေ အနေလည်း ဘာမှ ထပ်မကြားရသေးပါဘူး။ လက်ရှိစစ်ဘေးရှောင်ပြည်သူတွေကမိုးတွင်းဆိုတော့ အတော်လေးအခက်အခဲရှိပါတယ်။ အဓိကလိုအပ်ချက်က စားသောက်ကုန်၊ အမိုးအကာနဲ့ အခြေခံ ဆေးဝါးတွေလိုအပ်လျက်ရှိပါတယ်” ဟု ကျွန်းလှတက်ကြွလှုပ် ရှားသူများအဖွဲ့မှ တာဝန်ရှိ သူ တစ်ဦးက ပြောကြားသည်။
၎င်းအပြင် ဇွန်လ ၂ ရက် ညနေ ၃ နာရီခန့်ကလည်း ကိုးတောင်ဘို့အထိုင်စခန်းမှ ထွက်လာသော စစ် ကောင်စီစစ်ကြောင်းသည် မိဿလင်ကုန်းရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ကြောင်း၊ အလားတူ ည နေ ၃ နာရီ ၃၀ မိနစ်တွင် ချပ်သင်းတိုက်နယ် အထိုင်စခန်းမှ ထွက်လာသော စစ်ကောင်စီတပ်နှင့် ပျူ စောထီးအင်အား ၁၀၀ ခန့်သည် ဦးကင်းကြည်ရွာမှတဆင့် နှောကုန်းရွာဘက်သို့ စစ်ကြောင်းထိုး ဝင် ရောက်ခဲ့ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်တပ် စစ်ကြာာင်း ၂ ခုသည် ပြည်သူများအား အကြမ်းဖက် ပစ်ခတ်ဖမ်းဆီးသည့် အပြင် နှောကုန်းရွာ၊ ဇီးကုန်းရွာနှင့် ပေါက်တောရွာတို့အား Drone ဖြင့်ဗုံးသီး ၃ လုံးချ တိုက်ခိုက်ခဲ့ရာ ပြည်သူထိခိုက်မှုရှိမရှိ ဆက်လက်စုံစမ်းလျက်ရှိကြောင်းသည်ဟု ဆိုသည်။
ထို့အပြင် မေလ ၁၈ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ်၊ ကိုး တောင်ဘို့ နှင့် ချပ်သင်းကျေးရွာတို့၌ အထိုင်ချထားသော စခန်းများမှ စစ်ကြောင်းနှစ်ကြောင်းခွဲကာ ကိုးတောင်ဘို့တိုက်နယ်နှင့်ချပ်သင်း တိုက်နယ်တို့အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးခဲ့ပြီး စစ်ကြောင်း ၂ ခုသည် သင်တောရွာ၌ ပူးပေါင်ကာ အင်အား ၂၀၀ ခန့်ဖြင့် အထိုင်ချတပ်စွဲကာ ပြည်သူပိုင် လှည်း၊ နွားများနှင့်အဖိုးတန် ပစ္စည်းများကို ခိုးယူသယ်ဆောင်နေကြောင်း သိရသည်။
ထိုသို့ ပြည်သူများအားဖမ်းဆီးသတ်ဖြတ်၊ ပြည်သူပိုင်ပစ္စည်းများခိုးယူဖျက်ဆီးနေသည့် အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်မှုရှိခဲ့ပြီး စစ်ကောင် စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများလည်းရှိကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများက စစ်ကြောင်း ၄ ကြောင်းခွဲကာ အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေမှုကြောင့် ကံကြီး၊ ဦးကင်းကြည်၊ ပေါက်ဆိန်ကုန်း၊ သင်တော ၊ အ လယ်ခုံ၊ လွင်ကြီး၊ဇော်ချောင်း၊အောက်တဲ၊ဝက်သဲအင်း၊တင်မော်၊ညိုပင်ရှို ၊နှောကုန်း၊ ပေါက်ကုန်းနှင့် ဇီးကုန်းရွာတို့မှ တို ပြည်သူ ၁ သောင်းခန့်မှာ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။
အကြမ်းဖက်စစ်တပ် စစ်ကြောင်းကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ပြည်သူများမှာ ရက် ၂၀ နီး ပါးကြာမြင့်လာပြီဖြစ်ပြီး မိုးတွင်း ကာလဖြစ်သည့်အပြင် မြွေဆိုးအန္တရာယ်စိုးရိမ်ရသည့် အရပ် ဒေသဖြစ်၍ ပြည်သူများမှာ နှစ်ထပ်ကွမ်း ဒုက္ခကြုံနေကြရကြောင်း၊ မိုးကလည်း အဆက်မပြတ် ရွာ သွန်းနေမှုကြောင့် စစ်ဘေးရှောင် ပြည်သူများမှာ နှာစေးချောင်းဆိုးခြင်း၊ ရာသီတုပ်တေကွးရောဂါ ဖြစ်ပွားခြင်းတို့ ကြုံတွေ့နေရပြီး အရေးပေါ်ဆေးဝါး၊ အမိုးအကာနှင့် အစားအသောက်များအရေးပေါ် လိုအပ်လျက်ရှိကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က အသိပေးထားသည်။
Photo – ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ် သင်တောရွာ၌ အထိုင်ချတပ်စွဲထားသော စစ် ကောင်စီတပ်သား၊ ပျူစောထီးများ
Thanlwin Myanmar Media