Sagaing News

Sagaing News

စစ်ကိုင်းမြို့အထွက်၌ ဆက်ကြေးကောက်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး၊ စစ်တပ်က ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၃

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အထွက် ကောင်းမှုတော်ဘုရားအနီးတွင် ဆက်ကြေးကောက်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Burmese Revolution Force – BRF တပ်ဖွဲ့ထံမှ သိရသည်။

 

ဇွန်လ ၁ ရက် ညနေ ၄ နာရီခန့်က စစ်ကိုင်းမြို့၊ ကောင်းမှုတော်ဘုရားအနီး စစ်ကိုင်း – ရွှေဘို ခရိုင် ချင်း ဆက်လမ်း ပေါ်တွင် လုံခြုံရေးကင်းယူကာ ခရီးသွားပြည်သူများ၏ ကားများကို ဆက်ကြေး ကောက် နေသော စစ်သား ၁၂ ဦးခန့်ကို Burmese Revolution Force – BRF တပ်ဖွဲ့မှ ရဲဘော်များ က မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၊ ပျူ ၂ ဦးပွဲချင်းပြီးသေဆုံးပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စခအရာရှိကြီးတစ်ဦး ကောင်းမှုတော်လာမှာမို့ ကင်းစောင့်ရင်း ဆက်ကြေးကောက်နေကြတာ၊ အဲဒီ နေရာမှာက ကားတွေကိုချောဆွဲတာ၊ ငွေညစ်တာတွေလည်း လာလာလုပ်တတ်ကြတယ်၊ တပ်မ ၃၃ ကနေ ထွက်လာပြီးတော့ လမ်းဘယ်ညာမှာကား ၃ စီးရပ်ထားပြီးတော့ ကင်းစောင့်နေကြတာပါ၊ အ နည်းဆုံး ၁၂ ယောက်လောက်ကျော်မယ်၊ အဲဒီစခတွေကို မိုင်းဆွဲခဲ့တာပါ။ ၂ ဦးကတော့ တစ်ခါ တည်း သေတယ်၊ သေတဲ့အထဲမှာ ၃ ပိုင်းပြတ်သွားတာ တစ်ဦးပါတယ်၊ ၃ ယောက်ဒဏ်ရာရတယ်” ဟု Burmese Revolution Force – BRF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် တပ်မ ၃၃ အတွင်းမှ စစ်ကားများဖြင့် ထွက်လာပြီး လမ်းပေါ်၌ သွားနေသော ကားတစ်စီးကို ပစ်ခတ်ခဲ့ရာ ကားစပယ်ယာ တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

မေလ ၃၀ ရက်နေ့က စစ်ကိုင်းတပ်မ ၃၃ မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် Burmese Revolution Force – BRF ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း၊ စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ် ခတ်မှုကြောင့် ကျဆုံးခဲ့ရမှုကို လက်စားချေသည့်အနေဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်အာရှင် အမြစ်ပြတ်ရေးဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ် ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mon State News

Mon State News

သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင် စစ်တပ်စခန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး   သံလွင်မြန်မာသတင်း ဇူလိုင်လ ၃၁   မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) က...