Sagaing News

Sagaing News

တန့်ဆည်မြို့နယ်တွင် ကင်းလှည့် စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု အရာရှိ ၁ ဦး အပါ အဝင် ၈ ဦးသေဆုံး ၊လက်နက် ၂ လက်သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၃

 

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ကင်းလှည်ထွက်လာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကြား ဖြတ်တိုက်ခိုက်ခဲ့ရာ အရာရှိ ၁ ဦးအပါအဝင် စစ်သား၊ ပျူစောထီး ၈ ဦးသေဆုံးခဲ့ပြီး လက်နက် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ကထုတ်ပြန်သည်။

 

ယမန်နေ့ ဇွန်လ ၂ ရက်နံနက် ၅ နာရီ ၁၀ မိနစ်က တန့်ဆည်မြို့နယ် အက်တောကျေးရွာတွင် အထိုင်ချထားသော စစ်သား၊ ပျူစောထီးများသည် ​သဲကုန်းကျေးရွာဘက်သို့ ကင်းလှည့်ထွက်လာစဥ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နှစ်ပွင့်ဗိုလ်အရာရှိ ၁ ဦးအပါအဝင် စစ်သား၊ ပျူစောထီး ၈ ဦး သေဆုံးကာ လက်နက် ၂ လက် သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို တန့်ဆည်မြို့နယ် ပကဖ၊ တိုက်နယ် ၂ ပကဖ၊ ရေဦး ပကဖ နှင့် PLA (ပြည် သူ့လွတ်မြောက်ရေးတပ်မတော်) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

မင်းလှ မြို့နယ်၊ ရိုးမဖြတ်လမ်း ၄၈ ဖုတ်တက်ကြီးအနီး၌ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက် မှု စစ်သား ၁၅ ဦးသေဆုံးပြီး ဓားစာခံပြည်သူ ၇ ဦးကိုလည်း ထွက်ပြေးလွတ်မြောက်   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၉   ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ပဲခူးရိုးမထဲရှိ မြိုချောင်း...