မုံရွာမြို့ပေါ်တွင် ဆက်ကြေးကောက်နေသည့် စစ်သား ၂ ဦးကို ပစ်ခတ်ခံရပြီး သေဆုံး၊ ဆိုင်ကယ်နှင့် ပစ္စည်းတချို့ကို PDF သိမ်းဆည်း
သံလွင်မြန်မာသတင်း
ဇွန်လ ၂
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက်တွင် ဆက်ကြေးကောက်နေသည့် စစ်သား ၂ ဦးကို ဝင် ရောက်ပစ်ခတ်ခဲ့ရာ နေရာမှာပင်သေဆုံးသွားပြီး ဆိုင်ကယ်နှင့်ပစ္စည်းအချို့သိမ်းဆည်းရရှိခဲ့ ကြောင်း The Phoenix Army တပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ ဇွန်လ ၁ ရက် နံနက် ၁၁ နာရီခန့်က မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက်တွင် အထက ၁ စာ သင် ကျောင်းရှေ့တွင် လမ်းသွားလမ်း ပြည်သူများ၏ ကားများကို မတရားဆက်ကြေးကောက်နေ သည့် စစ်ကောင်စီတပ်သား ၂ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အနီးကပ်ဝင်ရောက် ပစ် ခတ်ခဲ့ရာ နေရာမှာပင်ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးပိုင်ဆိုင်သော ဆိုင်းကယ် ၁ စီး၊ ဖုန်း ၂ လုံး၊ လွယ် အိတ် ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ သေဆုံးသွားသော စစ်ကောင်စီတပ်သား ၂ ဦး၏ ရုပ်အ လောင်းများကို ၅ ၅ မိနစ်ခန့်အကြာတွင် စစ်ကောင်စီတပ်သားများက လာရောက်ကောက်ယူသွား ကြောင်း သိရသည်။
“စခတွေက ပြည်သူ့ကားတွေကို နေ့စဉ်ရက်ဆက် အတင်းအဓမ္မ ပိုက်ဆံကောက်နေတာ၊ တစ်ခါ တစ် လေ အသဲကွဲလို့ဆိုပြီး ကားတစ်စီးကို ၁ သောင်း တောင်းတယ်၊ အဆင်မပြေဘူး ပြောရင်လဲ မရဘူး အတင်းတောင်းတယ်” လို့ပြည်သူတွေကနေ တိုင်ကြားလာလို့ သွားရောက်ရှင်းလင်းခဲ့ရတာပါ” ဟု The Phoenix Army တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို The Phoenix Army ၊ မုံရွာခရိုင်အမှတ် ၁၇ တပ်ရင်း တပ်ခွဲ ၃ ၊ မုံရွာခရိုင် အ မှတ် ၁၅ တပ်ရင်း တပ်ခွဲ ၅ တို့ ပူးပေါင်းကာ လုပ်ခဲ့ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media