ချောင်းဦးမြို့နယ်၊ ဆည်လေးတောရွာရှိ နေအိမ် ၅ လုံးနှင့် ကြက်ခံတစ်ခြံကို စစ်တပ်မီးရှို့ဖျက်ဆီး၊ ကြက်ကောင်ရေ ၁၀၀၀ ကျော်မီးလောင်သေဆုံး (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဇွန်လ ၂
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဆည်လေးတောကျေးရွာရှိ နေအိမ် ၅ လုံးနှင့် ကြက်ခြံတစ်ခြံကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ရာ ကြက်ကောင်ရေ ၁၀၀၀ ကျော်မီးလောင်သေဆုံးသွား ကြောင်း ဒေသနေပြည်သူများထံက သိရသည်။
မေလ ၃၀ ရက် နံနက် ၅ နာရီခန့်က ချောင်းဦးမြို့နယ်၊ ငါန်းယှန်ကျေးရွာ တပ်စွဲထားသော အကြမ်း ဖက်စစ်ကောင်စီတပ်က အင်အား ၁၀၀ ကျော်ဖြင့် ဆယ်လေးတောကျေးရွာအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ကာ ပြည်သူပိုင်နေအိမ် ၅ လုံးနှင့် ကြက်ခြံတစ်ခြံကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားများ၏ မီးရှို့မှုကြောင့် ကြက်ခြံအတွင်းမှ ကြက်ကောင်ရေ ၁၀၀၀ ကျော်မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။
“ငါန်းယှန်ရွာကနေ အင်အား ၁၀၀ ကျော်လောက်နဲ့ စစ်ကြောင်းထိုးဝင်လာတာ၊ မနက် ၅ နာရီ လောက်ထွက်လာတာဆိုတော့ ၆ နာရီ၊ ခွဲ ၇ နာရီလောက်ရွာထဲရောက်လာတာပဲ၊ လူတွေက အကုန် ပြေးကြရတာ၊ ခွေးပြေးဝက်ပြေးကို ပြေးရတာ၊ စခတွေက သေနတ်တွေနဲ့လိုက် ပစ်တာ၊ လူတွေ ထိတာတော့မရှိဘူး။ နေအိမ် ၅ လုံးနဲ့ကြက်ခြံတစ်ခြံကို မီးရှို့သွားတာ၊ ကြက်ခြံထဲက ကြက်အကောင် ရေ ၁၀၀၀ ကျော်ရှိ တာ၊ ကြက်တွေက အရွယ်ရောက်ပြီ။ ရောင်းလို့ရတဲ့အချိန်မှာ ကြက်တွေရှိမှန်း သိသိ ကြီးနဲ့ ယုတ်မာ ပြီး ရှို့သွားတာ၊ ဘာမှရစရာရှိဘူး။ မဲတူးနေတာပဲ။ မှုတ်ခုံတွေဆိုရင်လည်း ရစရာမရှိအောင်ကို သေနတ်တွေနဲ့ပစ် သွား တာ၊” ဟု ဒေသ နေပြည်သူတစ်ဦးက ပြောကြားသည်။
အကြမ်းဖက်စစ်သားများ၏ မီးရှို့ဖျက်ဆီးခံရသော ဆယ်လေးတောကျေးရွာသည် စစ်သားများ တပ်စွဲ ထားရာ ငါန်းယှန်ကျေးရွာအနောက်ဘက် ၁ မိုင်ခန့်သာဝေးသော ကျေးရွာတစ်ရွာဖြစ်ပြီး စစ်သားများ က လက်နက်ကြီးများ မကြာခဏပစ်ခတ်နေသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း၊ ယခုအခါ ကျေးရွာ နေပြည်သူများမှာ တောတောင်များထဲတွင် စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။
“လက်ရှိတော့ သူတို့နဲ့ဘေးလွတ်တဲ့ တောင်တွေပေါ်၊ လုပ်မစားတဲ့ကျောက်ကုန်းတွေပေါ် နေရာ တောင်းပြီးတဲဆောက်နေကြရတယ်၊ မိုးရာသီဆိုတော့ တဲတွေက အမိုးမလုံ၊သောက်သုံးရေက လည်းအခက်အခဲဖြစ်၊အိမ်သာတွေလည်းခက်ခဲတယ်၊အတော်ကို့အခက်အခဲဖြစ်နေတာပါ။ ရွာထဲဝင် ပြန်ဝင်ရင်လည်းသူတို့ ပစ်သတ်နေတာ၊ တစ်ရွာလုံးနီးပါးရှောင်နေရတာ၊ နိုင်ငံရေးကြီးလည်း မြန်မြန် ပြီးစေချင်လှပါပြီ” ဟု ဒေသနေပြည်သူတစ်ဦးက ပြောဆိုသည်။
Thanlwin Myanmar Media