Sagaing News

Sagaing News

မင်းကွန်းဒေသတွင် ကင်းရွာရှိ ပြည်သူ့နေအိမ် အလုံး ၂၀ ခန့်ကို မီးရှို့ဖျက်ဆီးသည့် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၁

 

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ၊ ကင်းရွာရှိ ပြည်သူ့နေအိမ်အလုံး ၁၀ ခန့်ကို မီးရှို့ ဖျက်ဆီးသည့် စစ်တပ် စစ်ကြောင်းအား တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ရတနာပုံ တပ်ဦးထံမှ သိရသည်။

 

မေလ ၂၅ ရက်နေ့က စစ်ကိုင်းမြို့နယ်၊ ကံကြီးကုန်းရွာမှ စစ်သား၊ ပျူစောထီးအင်အား ၁၀၀ ခန့်သည် ဆည်တောလေးကို ဖြတ်၍ မင်းကွန်းရဲစခန်းသို့ ဝင်ရောက်ခဲ့ကြောင်း၊ မေလ ၂၈ ရက် နံနက် ၆ နာရီ ခန့်တွင် မင်းကွန်းရဲစခန်းမှ စစ်သား၊ ရဲများနှင့်ပူးပေါင်းပြီး မင်းကွန်းမြို့မြောက်ဘက်ရှိ ကင်းရွာဘက် သို့ ဆက်လက် စစ်ကြောင်းလာခဲ့ကြောင်း သိရသည်။

“စခ တစ်ဦးသေတယ်လို့ သိရတယ်၊ ကျန်တာက အတိအကျမသိရဘူး ။ပြည်သူတွေဖမ်းဆီးခံရတာ မျိုးလည်း မကြားမိပါဘူး။ ကင်းရွာတစ်ရွာလုံးက စစ်ရှောင်နေရတယ်။ စစ်ကိုင်းမြို့နယ်ထဲမှာ စစ် ရှောင်တွေက အရင်ကထက် ပိုတိုးလာတယ်။ ပွင့်လင်းရာသီမှာ စစ်ကြောင်းထိုးထားတော့၊ မြေပြင်မှာ တကယ်တိုက်ပွဲဖော်ဆောင်နေတဲ့ အဖွဲ့တိုင်းကို ထိထိရောက်ရောက် ကူညီပေးစေချင်ပါတယ်။ ကျနော်တို့အဖွဲ့မှ မဟုတ်ပါဘူး။ မြေပြင်ကို တကယ်လာကြည့်၊ တကယ်စုံစမ်းပြီး တကယ်အလုပ် လုပ်တဲ့အဖွဲ့တိုင်းကို ထိထိရောက်ရောက် ကူညီပေးကြပါလို့ ပြောချင်ပါတယ်” ဟု ရတနာပုံ တပ်ဦး တာဝန်ခံ ကိုကီရီက ပြောကြားသည်။

 

ထို့ကြောင့် ရတနာပုံတပ်ဦး (LPDF) ၊ ဇုန် ၅ မင်းကွန်းတိုက်နယ် ပ က ဖ၊ People Servant Force (PSF) ၊ ချမ်းမြသာစည်မြို့နယ်(ပ.ကဖ)၊ Unicorn ပြောက်ကြားအဖွဲ့၊ Acid LDF နှင့် နယ်မြေခံ မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းပြီး လက်နက်ကြီး ၊လက်နက်ငယ်များဖြင့် ခုခံ တိုက်ခိုက်ခဲ့ရာ နေ့လည် ၁၁ နာရီအချိန်အထိ ၅ နာရီကြာမြင့်ခဲ့ကြောင်း သိရသည်။

 

ထို့သို့ တိုက်ပွဲချိန်ကြာမြင့်မှုကြောင့် ပြန်လည်စုဖွဲ့မှု ပြုလုပ်နိုင်ရန် ခေတ္တ ဆုတ်ခဲ့ရာ အကြမ်းဖက်စစ် သားများက ကင်းရွာထဲသို့ ဝင်ရောက်ပြီး ပြည်သူ့နေအိမ် အလုံး ၂၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

ခေတ္တခဏ ပြန်လည် ဆုတ်ခွာပြီးနောက် ညနေ ၄ နာရီခန့်တွင် ရတနာပုံတပ်ဦး၊ စစ်ကိုင်းခရိုင်တပ် ရင်း ၁ ၊ စစ်ကိုင်း ခရိုင်တပ်ရင်း ၂ ၊ ဇုန် ၄ ပူးပေါင်းအဖွဲ့တို့နှင့် အတူ ပြန်လည်စုဖွဲ့မှု့ပြုလုပ်၍ ထိုး စစ်ဆင် တိုက်ခိုက် ခဲ့ ရာ စစ်သားများအထိနာပြီး မင်းကွန်းရဲစခန်းသို့ ပြန်လည်ဆုတ်ပြေးသွား ကြောင်း၊ ယင်းတိုက်ခိုက်မှု များ အတွင်း အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

စစ်ကိုင်းမြို့အထွက်၌ ဆက်ကြေးကောက်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး၊ စစ်တပ်က ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၃   စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အထွက် ကောင်းမှုတော်ဘုရားအနီးတွင် ဆက်ကြေးကောက်နေသော စစ်သားများကို...