Sagaing News

Sagaing News

ချောင်းဦးမြို့နယ်၊ ငါန်းယှန်ကျေးရွာရှိ စစ်တပ် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ဂိတ်စောင့် နေသည့် ပျူမိန်းကလေးများကြောက်လန့်ပြီး ကားဖြင့် ထွက်ပြေး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇွန်လ ၁

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါန်းယှန်ကျေးရွာရှိ စစ်တပ်ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက် ခဲ့ရာ ဂိတ်စောင့်နေသော ပျူစောထီး မိန်းကလေးများ ကြောက်လန့်ပြီး ကားဖြင့်ထွက်ပြေးသွား ကြောင်း Peacock Drone Team – Myaung တပ်ဖွဲ့ထံမှ သိရသည်။

 

မေလ ၂၉ ရက် ညနေ ၃ နာရီ ၃၀ မိနစ်က ချောင်းဦးမြို့နယ် ၊ ငါးယှန်ကျေးရွာအတွင်း ဂိတ်ဖွင့်ကာ အထိုင်ချနေသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဂိတ်စခန်းအတွင်း ကျရောက်ပေါက်ကွဲပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း နယ်မြေအခြေအနေအရ အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်ခံရပြီး ယင်းဂိတ်စခန်း၌ တာဝန်ကျနေသော ပျူစောထီး မိန်းကလေးများသည် ကြောက်လန့်ပြီး သံပြားကာ ကားများဖြင့် မုံရွာမြို့သို့ ထွက်ပြေးသွားကြောင်း ၊ တိုက်ခိုက်ခံရပြီး နောက် ချောင်းဦးမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်စခန်းမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ ကြောင်း သိရသည်။

“သေဆုံးထိခိုက်မှုကတော့ စုံစမ်းလို့မရသေးပါဘူး။ ရွာထဲကို ပြည်သူတွေလည်း အဝင်၊အထွက် မရှိ တော့ဘူး။ ဒရုန်းနဲ့ချပြီး သိပ်မကြာတဲ့အချိန် အဲဒီစခန်းမှာ လာပြီး တာဝန်ချတဲ့ ပျူစောထီးတွေထဲက မိန်းကလေးတစ်ချို့ သံပြားကာ ကားနဲ့ ထွက်သွားတယ်လို့တော့ သိရပါတယ်၊” ဟု Peacock Drone Team – Myaung တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို PEACOCK Drone Team ၊ ယင်းမာပင် ခရိုင် တပ်ရင်း ၃၅ တပ်ခွဲ ၂ GZ-21 ၊ ယင်းမာပင် ခရိုင် တပ်ရင်း ၁၇ B-21 ကနီ PDF ၊ NPDF ယင်းမာပင် ၊ M.D.F drone ကျားခင်စိန် ၊ အားမန်သစ် (ငါန်းဇွန်) ၊ Revolutionary Air Force (Myaung)၊ အောင်သပြေညီနောင် Local PDF (ကျောက်ဆည်) ၊ ဗိုလ်စာကလေး Drone Strike (ကျေးရွာတပ်ပေါင်းစုမြောင်) ၊ Freedom Fighter Drone Force F.F.D.F ၊ Farmer Revolution Force (FRF) မုံရွာခရိုင်အမှတ် ၈ ၊ ရေနဂါးပြည်သူကာ ကွယ်ရေးတပ်တော်(လင်းယုန်ကြီး) နှင့် Hawk Guerrila Force တပ်ဖွဲ့တို့ ပူပေါင်းကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

လောင်းလုံးမြို့နယ်၊ ကညုံကျွန်းရွာကမ်းစပ်ရှိ ပြည်သူပိုင်လှေကို လာရောက်ခိုးယူသော စစ်သား များကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၂   တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကညုံကျွန်းကျေးရွာအနီး ကမ်းစပ်၌ ဆိုက်ကပ်ထားသော ပြည်သူပိုင် လှေတစ်စီးကိုလာရောက်ခိုးယူသော စစ်သားများအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား...