ချောင်းဦးမြို့ထွေအုပ်ရုံးနှင့်ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦးအပါအဝင် ၄ ဦးသေဆုံး
သံလွင်မြန်မာသတင်း
မေလ ၂၂
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းတို့၌ တပ်စွဲထားသော စစ်သား များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် တစ်ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း Peacock Drone Team – Myaung တပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ မေလ ၂၁ ရက်နေ့လည်ပိုင်းက ချောင်းဦးမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းတို့ တွင် အင်အားဖြည့်တင်းရန် ရောက်ရှိနေသော စစ်ကောင်စီတပ်သားများကို Fixed Wings Drone ၈ စီးဖြင့် ဗုံးသီး ၁၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦးအပါအဝင် ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိ သူများလည်းရှိကြောင်း သိရသည်။
“စစ်ကြောင်းထွက်တဲ့ အချိန်မဟုတ်ပါဘူး၊ ချောင်းဦးမြို့ပေါ်မှာ ရှိနေတဲ့အချိန်ချခဲ့တာပါ၊ ထွေအုပ်ရုံးနဲ့ ရဲစခန်းမှာရှိနေတဲ့အချိန်ချတဲ့တာ၊ သူတို့က အထိုင်စခန်းက စစ်ကြောင်းထိုးမီးရှို့လိုက်၊ အထိုင်ကို ပြန်ထိုင် လိုက်နဲ့လုပ်နေတာပါ” ဟု Peacock Drone Team – Myaung တပ်ဖွဲ့မှ တာဝန်ရှိသူ တစ် ဦး က ပြောကြားသည်။
ထို့သို့ ဗုံးကျဲတိုက်ခိုက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာပြီးနောက် အချိန် အနည်းငယ်အကြာတွင် စစ်ကောင်စီတပ်သားများက လက်နက်ကြီးဖြင့် ပြန်လည်တိုက်ခိုက်မှုရှိခဲ့ သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Peacock Drone Team – Myaung ၊ယင်းမာပင် ခရိုင် တပ်ရင်း ၃၅ တပ်ခွဲ ၂- GZ-21 ၊ ယင်းမာပင် ခရိုင် တပ်ရင်း ၁၇ B-21 ကနီPDF ၊ NPDF ယင်းမာပင် ၊ Myaung Drone Force ၊ M.D.F ကျားခင်စိန် ၊ အားမန်သစ် (ငါန်းဇွန်) ၊ Revolutionary Air Force (Myaung) ၊ အောင်သ ပြေညီ နောင် Local PDF(ကျောက်ဆည်) ၊ ဗိုလ်စာကလေး Drone Strike ၊ Freedom Fighter Drone Force နှင့် CHU PDF အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုကဲ့ သို့ Drone mission များ ဆက်တိုက် ပြုလုပ်နိုင်ရန်အတွက် “အညာဝေဟင် Drone စစ် ဆင်” ကမ်ပိန်းကို ပါ၀င်ထောက်ပို့ပေးကြရန် Peacock Drone Team- Myaung အဖွဲ့က မေတ္တာ ရပ်ခံထားသည်။
Thanlwin Myanmar Media