Sagaing News

Sagaing News

တမူးမြို့နယ်၊ ပန်းသာကျေးရွာ၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်မှု ၂ ဦးသေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မေလ ၂၀

 

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ပန်းသာကျေးရွာ၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက်တိုက် ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Zo Army က ထုတ်ပြန်သည်။

 

မေလ ၁၈ ရက်နေ့က တမူးမြို့နယ်၊ ပန်းသာကျေးရွာ၌ တပ်စွဲထားပြီး လမ်းသွား၊ လမ်းလာ မိဘ ပြည်သူများကို စစ်ဆေးကာ စိတ်အနှောက်အယှက်ပေးနေသော စစ်သားများကို သတိပေးသည့် အနေဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ZO NATIONAL UNION/ Zo Army မှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

စလင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သားအများအပြား ထိခိုက်သေဆုံး (ရုပ်သံ)   သံလွင်မြန်မာသတင်း မေလ ၂၀   မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းသို့ ဝင်ရောက်လာသော စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် တိုက် ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးခဲ့ကြောင်း ဗမာ့တပ်တော် -Burma Army...