Sagaing News

Sagaing News

ချောင်းဦးမြို့နယ်၊ မှန်ချိုကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုနေအိမ် ၁ လုံး ပျက်စီး၊ ကျေးရွာနေပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

 

သံလွင်မြန်မာသတင်း

မေလ ၂၀

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မှန်ချိုကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြည် သူ့နေအိမ် ၁ လုံးပျက်စီးခဲ့ပြီး ကျေးရွာနေပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသနေ ပြည်သူများထံက သိရသည်။

 

ယမန်နေ့ မေလ ၁၉ ရက် မွန်းတည့် ၁၂ နာရီခန့်က ချောင်းဦးမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ တပ် စွဲထားသော စစ်ကောင်စီတပ်သားများက မှန်ချိုကျေးရွာဘက်သို့ ၁၂၀ မမ လက်နက်ကြီးဖြင့် ၃ လုံး ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း တစ်လုံးကျရောက်ပေါက်ကွဲပြီး နေအိမ်တစ်လုံးပျက်စီးခဲ့ကြောင်း၊ ကျန် ၂ လုံးမှာ လည်း ကျေးရွာအနီးပတ်ဝန်းကျင်နေရာများ၌ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

“ချောင်းဦးမြို့ထွေအုပ်ရုံးက စခတွေက ၁၂၀ မမ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်လို့ နေအိမ် ၁ လုံး ပျက်စီးတာ၊ တစ်လုံးကကျတော့ ဘုရားခြေရင်းမှာတစ်လုံးကျတယ်၊နောက်တစ်လုံးကတော့ မှန်ချို့ ရွာ ကြေးနန်းရုံးတာဝါတိုင်ရဲ့အနောက်မြောက်ထောင့်နားမှာ တစ်လုံးကျတာ၊ လူတော့ထိခိုက်မှုမရှိ ဘူး။” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ အကြမ်းဖက်စစ်သားများက နေ့ရောညပါ ၁၂၀ မမလက်နက်ကြီးဖြင့် ချောင်းဦးမြို့ပတ်ဝန်း ကျင်ရှိ ကျေးရွာများကို ရမ်းသမ်းပစ်ခတ်နေသဖြင့် မှန်ချိုရွာအပါအဝင် အနီးအနားကျေးရွာနေပြည်သူ များမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

တနင်္သာရီမြို့နယ်၊ သိန်းခွန်ရွာတိုက်ပွဲမှထွက်ပြေးသည့် ခလရ ၁၀၃ တပ်ရင်းမှူးနှင့် ရဲ တပ်သား ၁ ဦးကို အရှင်ဖမ်းမိ၊ တိုက်ပွဲအတွင်းမှ ထွက်ပြေးပြီး အလင်းဝင်လာသူအများအပြားရှိ   သံလွင်မြန်မာသတင်း မေလ ၂၀   တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာတိုက်ပွဲမှ ထွက်ပြေးသွားသည့် ခလရ ၁၀၃ မှ...