Sagaing News

Sagaing News

ဆားလင်းကြီးမြို့ပေါ်တွင် ကင်းပတ်နေသော စစ်ကောင်စီတပ်သားများကို တိုက်ခိုက် (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မေလ ၁၉

 

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်တွင် ကင်းပတ်နေသော စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား များ ထိခိုက်သေဆုံးမှုရှိကြောင်း Solo Aung Gyi (Salingyi) တပ်ဖွဲ့ထံမှ သိရသည်။

 

မေလ ၁၇ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်က ဆားလင်းကြီးမြို့ပေါ်ရှိ မြို့မရဲစခန်းအတွင်းမှ စစ်ကောင် စီတပ်သား ၃၀ ခန့်သည် မြို့တွင်းသို့ ကင်းပတ်ရန် ထွက်လာပြီး ဆားကြီးမြို့၊ ကျောင်းကုန်းရပ်ကွက် အတွင်းပ ကင်းပုန်းဝပ်နေရာယူနေစဉ် လက်နက်ငယ်များ၊ MA 15 7.62 mm စက်လတ် တို့ဖြင့် စောင့် ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

ထိုသို့ အပြန်အလှန် ပစ်ခတ်တိုက်အတွင်း စစ်ကောင်စီတပ်က ထပ်မံအင်အားဖြည့်တင်လာသဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို SOLO AUNG GYI (Salingyi) ၊ ချင်းတွင်းဒိုင်းနမိုက် (Salingyi)နှင့် တောင်ပံနီ အထူးပြောက်ကျားတပ်ဖွဲ့ (Salingyi) တို့ ပူးပေါင်းကာ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

တောင်ငူ (ကေတုမတီ) လေတပ်စခန်းကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု ဒုဗိုလ်မှူးကြီး ၂ ဦးအ ပါအဝင် ၁၀ ဦးသေဆုံးပြီး ဂျက်ဖိုက်တာ ၂ စီး၊ Y8 ၁ စီးနှင့်ဂိုဒေါင်များပျက်စီး (ရုပ်သံ)   သံလွင်မြန်မာသတင်း မေလ ၁၉   ပဲခူးတိုင်း၊ တောင်ငူမြို့၊...