Sagaing News

Sagaing News

မုံရွာမြို့အဝင် မအူဂိတ်အနီးတွင် ဆက်ကြေးကောက်နေသော စစ်သားများကို တိုက်ခိုက်မှု ၂ ဦးသေ ဆုံး PDF ၃ ဦးကျဆုံး

 

သံလွင်မြန်မာသတင်း

မေလ ၁၄

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင် မအူဂိတ်အနီးတွင် ဆက်ကြေးကောက်နေသော စစ်သားများကို ဝင်‌ ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး PDF တပ်ဖွဲ့ဝင် ၃ ဦးကျဆုံးခဲ့ကြောင်း မုံရွာ ခရိုင်အမှတ် ၂၂ မုံရွာနတ်ဆိုးတပ်ရင်းမှထံမှ သိရသည်။

 

မေလ ၁၁ ရက် နံနက် ၁၁ နာရီခန့်က မုံရွာမြို့အဝင် မအူဂိတ်အနီး CR7 ကွမ်းယာဆိုင်အတွင်း၌ နေထိုင်ကာ ခရီးသွားပြည်သူများ၏ ကားများထံမှ ဆက်ကြေးကောက်နေသော စစ်သား ၃ ဦးကို မုံရွာ ခရိုင်အမှတ် ၂၂ နတ်ဆိုးတပ်ရင်းမှ ရဲဘော်များ က ဆိုင်ကယ်ဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“မအူမုခ်နဲ့ဆိုရင် မီတာ ၅၀၀ အကွာအဝေးမှာရှိတဲ့ CR 7 ကွမ်းယာဆိုင်မှာ ဆီကားတွေကို လာလာပြီး ပိုက်ဆံတောင်းတာ၊ CR7 ကွမ်းယာဆိုင်ထဲမှာက နှစ်ယောက်ပေါ့၊ အဲဒီအရှေ့ ၁၅ ပေလောက်အကွာ မှာရှိတဲ့ အရင်တုန်းကတော့ မထသ ဂိတ်ခေါ်တာ၊ မြို့ဝင်မြို့ထွက်တွေမှာ ပိုက်ဆံတောင်းတဲ့ဂိတ်ရှိ တယ်၊ မှန်ခန်းလေးနဲ့၊ အဲဒီထဲမှာက တစ်ယောက်နေတာ၊ ၃ ယောက်တည်းလာကောက်တာ၊ ကျနော် တို့ကလည်း ရဲဘော်တွေကို ဆိုင်ကယ် ၅ စီးနဲ့ ဂန်းအတို ၃ လက်ရယ်၊ အရှည်တစ်လက်ရယ် ၄ လက် နဲ့ ၂ နေရာခွဲပြီး တိုက်ခိုက်ဖို့လွှတ်လိုက်တာ။ အဲဒီရှေ့ရောက်တော့ ကွမ်းယာဆိုင်ထဲက နှစ်ယောက်ကို ပဲ သူတို့ကတွန်းပစ်တာပေါ့၊ အဲဒီနှစ်ယောက်ကသေသွားတယ်၊ သေသွားတဲ့အချိန်မှာ သေနတ် ဝင် ကောက်ကြတယ်။ သေနတ်ကောက်တဲ့အချိန်မှာ ဟိုဘက်ကလွတ်နေတဲ့တစ်ယောက်က ဝင်ပစ် သွားလို့ ကျနော်တို့ ရဲဘော်တွေ ၃ ယောက်လုံးဆုံးရှုံးလိုက်ရတာ” ဟု မုံရွာ ခရိုင်အမှတ် ၂၂ မုံရွာ နတ်ဆိုးတပ်ရင်းမှ ဗိုလ်နတ်ဆိုးက ပြောကြားသည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် မုံရွာခရိုင်အမှတ် ၂၂ နတ်ဆိုး တပ်ရင်းမှ ရဲဘော် လှမျိုးအောင် ၊ ရဲဘော် ညိမ်းမင်းဇော် ၊ ရဲဘော် ချစ်ထူးခန့်တို့ ကျဆုံးခဲ့ရပြီး ၎င်းတို့နှင့်အတူ သေနတ်အတို ၃ လက်၊ ဆိုင် ကယ် ၃ စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

“မှာလိုက်တာကတော့ ၂ နေရာခွဲပစ်ရမယ်လို့ မှာလိုက်တာ၊ အဲဒါကိုဘယ်လိုမျက်စိလည်သွားလည်း တော့ မသိဘူး၊ ကျနော်လည်းမပြောတတ်ဘူး။ အထဲကနေဝင်ထွက်ပစ်တော့မှ ကျနော်တို့ရဲဘော်က အတိုသမားတွေကပဲ ပစ်လိုက်ရတာဆိုတော့ အဲဒီစခက ဒဏ်ရာတွေတော့ရသွားတယ်။ အသက်သေ မသေတော့အတည်မပြုနိုင်ဘူး။ သူတို့ဘက်နှစ်ယောက်သေပြီးတော့ တစ်ယောက်ကတော့ ဒဏ်ရာ ရတာပေါ့၊ လက်နက်ကောက်ရတဲ့ရဲဘော်ကလည်း ကျဆုံးသွားတော့ လက်နက်တွေမရခဲ့လိုက်ဘူး” ဟု မုံရွာ ခရိုင်အမှတ် ၂၂ မုံရွာ နတ်ဆိုးတပ်ရင်းမှ ဗိုလ်နတ်ဆိုးက ရှင်းပြသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ရာတွင် သေ သေချာချာတိုင်တိုင်ပင်ပင်ဖြင့် စည်းစည်းလုံးလုံးတိုက်ခိုက်ကြရန်နှင့် စစ်အာဏာရှင်ကို ရွတ်ရွတ် ချွံချွံ တိုက်ထုတ်ရင်း တိုင်းပြည်အတွက်အသက်ပေးလှူခဲ့ရသော ရဲဘော်များ၏ စွန့်လွှတ်အနစ်နာခံ တိုက်ပွဲဝင်ခဲ့သည့် စိတ်ဓာတ်နှင့်သတ္တိ လေးစား ဂုဏ်ပြုရင်း မပြီးပြတ်သေးသည့် စစ်အာဏာရှင် တော်လှန်ရေးကို ပြီးဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

နတ်တလင်းမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဖမ်းဆီးစစ်ဆေးနေသည့် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ခိုင်ကြီးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၁၆   ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဖမ်းဆီးစစ်ဆေး နေသည့် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ခိုင်ကြီး သေဆုံးသွားကြောင်း Phonex...