Sagaing News

Sagaing News

ချောင်းဦးမြို့နယ်နှင့်မော်လူးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတုက်ခိုက်မှု ပြည်သူ ၄ ဦး သေဆုံးပြီး ၁၄ ဦးဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

မေလ ၁၃

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မှန်ချိုကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၂၀၀ ဗုံးကြဲပြီး တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များ ထံက သိရသည်။

 

ယမန်နေ့မေလ ၁၂ ရက် နံနက် ၉ နာရီ ၃၀ မိနစ်က ချောင်းဦးနယ်၊ မှန်ချိုကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ပေါင် ၂၀၀ ဗုံးဖြင့် ကြဲချတိုက်ခိုက်လို့ ကျေးရွာ သင်္ချိုင်းထဲနှင့် ကျေးရွာအတွင်းရှိ နေအိမ် ၁ ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ထို့သို့ ဗုံးပေါက်ကွဲ မှုကြောင့် နေအိမ်အတွင်းရှိ အမျိုးသမီး ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

“ပေါင် ၂၀၀ နှစ်လုံးကြဲသွားတာ၊ တစ်လုံးကတော့ သင်္ချိုင်းကုန်းထဲကျသွားတာ။ တစ်လုံးကတော့ ရွာထဲ ရှေ့ထိပ်တည့်ကျတာ။ ရွာထဲ နေအိမ် တည့်ကျတဲ့ တစ်လုံးက အဲရှေ့မှာနေတဲ့ အမျိုးသမီး တစ်ဦးနဲ့ အိမ်ထဲမှာနေတဲ့ အမျိုးသမီးတစ်ဦးသေတယ်။ အိမ်ကမီးပါလောင်သွားတာ” ဟု ဒေသနေ ပြည်သူတစ်ဦးက ပြောကြားသည်။

 

သေဆုံးသူများမှာ အသက် ၅၀ ဝန်းကျင်အရွယ် ဒေါ်ထွေးညိုနှင့် ဒေါ်သန်းဆင့်တို့ဖြစ်ပြီး အသက် ၁၀ နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ မှန်ချိုကျေးရွာသည် လူဦးရေ ၃၀၀၀ နီးပါး နေထိုင်သည့် ကျေးရွာကြီးတစ်ရွာြဖစ်ပြီး စစ်ကောင်စီတပ်က လေကြောင်း၊ လက် နက်ကြီးတို့ဖြင့် အဆက်မပြတ် တိုက်ခိုက်နေမှုကြောင့် ရွာ လုံးကျွတ်ထွက်ပြေးနေရကြောင်း သိရ သည်။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက် ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။

 

ယမန်နေ့ မေလ ၁၂ ရက် မွန်းတည့် ၁၂ နာရီခန့်က အင်းတော်မြို့နယ်၊ မော်လူးမြို့ကို စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးသီး ၃ လုံးကြဲချခဲ့ရာ အမျိုးသား ၂ ဦး သေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကာ နေအိမ်အဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ သည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စာသင်ဆောင်များ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ကြောင်း ပြည်သူ့ကာကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ ၉ ရက် မွန်းလွဲ ၁ နာရီ ၃၀...