Sagaing News

Sagaing News

ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းကို စစ်တပ်လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် မှု ဆရာမ ၂ ဦးနှင့် ကလေး ၂၀ ဦး သေဆုံးပြီး အရေးပေါ်ဆေးဝါးကုသနေရသူ ၄၀ ခန့်ရှိ

 

သံလွင်မြန်မာသတင်း

မေလ ၁၂

 

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆရာမ ၂ ဦးနှင့် ကလေးငယ် ၂၀ ဦး ပွဲချင်းပြီးသေဆုံး ပြီး အရေးပေါ်ဆေးဝါးကုသမှုခံယူနေရသူ ၄၀ ဦးရှိကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ထုတ်ပြန်သည်။

 

ယနေ့ မေလ ၁၂ ရက် နံနက် ၉ နာရီ ၄၀ မိနစ်က ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာစာသင် ကျောင်း၌ ကလေးငယ်များ စာသင်ကြားနေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းပေါ် တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ထိုသို့ ဗုံးကျ ပေါက်ကွဲမှုကြောင့် ဆရာမ ၂ ဦး၊ ကျောင်းသား၊ ကျောင်းသူကလေးငယ် ၂၀ ဦး ပွဲချင်းပြီးသေဆုံးပြီး အရေးပေါ်ဆေးဝါးကုသမှုခံယူ နေရသူ အရေအတွက်မှာ ၄၀ ဦးခန့်ရှိကြောင်း သိရသည်။

“ဂျက်ဖိုက်တာနဲ့ လာပစ်သွားတာ။ သုံးသွားတဲ့ဗုံးတွေက နှစ်ဆင့်၊ သုံးဆင့်ကွဲ ဗုံးတွေ သုံးသွားတာ၊ သေဆုံးသူ ၂၂ ဦးပွဲချင်းပြီးသေတယ်။ စာမေးပွဲရှိတော့ ကလေးတွေက ကျောင်းတက်နေကြတာ။ ဘာတိုက်ပွဲမှ မရှိပါဘူး။ စာသင်ကျောင်းကို ရည်ရွယ်ချက်ရှိရှိကြဲချသွားတာပါ” ဟု ဒေသနေပြည် သူတစ်ဦးက ပြောကြားသည်။

 

အကြမ်းဖက်စစ်ကောင်စီသည် မေလ ၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ ယာယီအပစ်အခတ်ရပ်စဲ ကြောင်း ကြေညာထားသော်လည်း အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးစေရန်ရည်ရွယ်၍ စာသင် ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် ဘာသာရေးအဆောက်အ အုံများကို ပစ်မှတ်ထားကာ ဗုံးကြဲတိုက် ခိုက်နေခြင်းဖြစ်သည်။

 

“ဒီလို အကြမ်းဖက်လုပ်ရပ်တွေကို စကစအနေနဲ့ ကျူးလွန်တာက တစ်ကြိမ်လည်း မဟုတ်တော့ဘူး ၊ ‌နှစ်ကြိမ်လည်း မဟုတ်တော့ဘူး ပြည်သူတွေ အားလုံးနေ့စဉ်နဲ့အမျှ ခံစားနေရတဲ့ ဒါက ဒုက္ခဆိုးကြီးပဲ ဖြစ်ပါတယ်။ ဒီလို အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေတဲ့ စကစကို နိုင်ငံတကာအနေနဲ့ ထိ ရောက်တဲ့ အရေးယူမှုတွေ မပြုလုပ်နိုင်တော့ဘူးလား၊ ဒါမှမဟုတ်လို့ ရှိရင် သူ့ကို ထောက်ခံပေးနေတဲ့ နိုင်ငံတွေကို ဒီလောက်ကြီးထိ ကြမ်းတမ်းယုတ်မာနေတဲ့ လုပ်ရပ်တွေကို မမြင်ဖူးလား ။ ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့သားတွေအနေနဲ့ကတော့ ကျွန်တော်တို့နဲ့ ထပ်တူခံစားပြီးတော့ ဒီကိစ္စကို အစွမ်း ကုန် တရားမျှတမှုရရှိသွားအောင်ပါဝင်သွားပါမယ်လို့ ပြောချင်ပါတယ်။” ဟု ဒီပဲယင်းမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Chin State News

Chin State News

မင်းတပ်မြို့နယ်၊ တိုက်နယ် ၁ အတွင်းသို့ စစ်ကောင်စီက အစုလိုက်အပြုံလိုက်ပေါက်ကွဲသည့် Cluster Bomb များအသုံးပြုတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၁၈   ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် ၁ အတွင်းသို့ စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက် ပေါက်ကွဲသည့်...