Sagaing News

Sagaing News

ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက် ခိုက်မှု ဆရာမ ၂ ဦးအပါအဝင် ကျောင်းသား၊ ကျောင်းသူ ကလေး ၅၀ ခန့်ထိခိုက်သေဆုံး

 

သံလွင်မြန်မာသတင်း

မေလ ၁၂

 

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆရာမနှစ်ဦးအပါအဝင် ကလေးငယ် ၅၀ ဝန်းကျင် ထိခိုက် သေဆုံး နိုင်ကြောင်း ဒေသနေ ပြည်သူများထံမှ သိရသည်။

 

ယနေ့ မေလ ၁၂ ရက် နံနက် ၉ နာရီ ၄၀ မိနစ်က ဒီပဲယင်းမြို့နယ်အနောက်ခြမ်းရှိ အိုးထိန်းတွင်း ကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းပေါ်တည့်တည့်ကျရောက်ပေါက်ကွဲပြီး စာသင်ကြားနေသော ဆရာမ ၂ ဦး အပါအဝင် ကျောင်းသား ၊ ကျောင်းသူ ကလေးငယ် ၅၀ ဦးခန့် တို့သေဆုံး နိုင်ငံကြောင်း သိရသည်။

“ဗုံးက စာသင်ကျောင်းပေါ်တည့်တည့်ကျတာ၊ ကလေးတွေ စာသင်နေတဲ့အချိန်ကြီး ဗုံးကြဲချသွား တာ၊ ဆရာမ နှစ်ယောက်လည်း သေတယ်။ အလာင်းရှာမရတဲ့ ကလေးတွေလည်း အများကြီးရှိ တယ်။ တစ်ချို့ကလေးတွ မျက်လုံးကျွတ်ထွက်သွားတာ၊ တစ်ချို့ကခေါင်းထိတယ်၊ ထိခိုက်သေ ဆုံးမှု က အတော်များပါတယ်။ အားလုံး ၅၀ လောက်အထိ ခိုက်သေဆုံးမှုရှိနိုင်တယ်” ဟု ဒေသနေပြည်သူ တစ်ဦးက ပြောကြားသည်။

 

အကြမ်းဖက်စစ်ကောင်စီသည် မေလ ၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ ယာယီအပစ်အခတ်ရပ်စဲသည်ဟု ကြေညာခဲ့သော်လည်း ဘာသာရေးအဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ပြည်သူများနေထိုင်ရာ ကျေးရွာများကို ပစ်မှတ်ထားကာ လေကြောင်းဖြင့် နေ့စဉ်ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်နေခြင်းဖြစ် သည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် ကျောင်းဆရာတစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦး ခန့်ထိခိုက် ဒဏ်ရာရ

ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် ကျောင်းဆရာတစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦး ခန့်ထိခိုက် ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၉ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက် ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းဆရာ ၁ ဦးအပါအဝင် ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်များထံက သိရသည်။ ယနေ့ စက်တင်ဘာလ ၉ ရက် နံနက်အစောပိုင်း...