Sagaing News

Sagaing News

ဝက်လက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၁၀ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

မေလ ၁၁

 

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီတပ်က ပြည် လူထုနေထိုင်ရာကျေးရွာများကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၀ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ ရှိခဲ့ကြောင်း Wetlet Information Network ထံမှ သိရသည်။

 

ယမန်နေ့မေလ ၁၀ ရက် ညနေ ၄ နာရီ ၃၀ မိနစ်က ဝက်လက်မြို့နယ်အနောက်ခြမ်းရှိ ရွာတော်ကုန်း ကျေးရွာကို မိတ္ထီလာလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာ ၁ စီးဖြင့် ၂ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၀ ဦးခန့်သေဆုံးပြီး ၈ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ မေလ ၁၁ ရက်နံနက် ၇ နာရီ ၂၉ မိနစ်တွင် ဝက်လက်မြို့နယ်အနောက်ခြမ်းရှိ ကျေးရွာ တို့ကို အကြမ်း ဖက်စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ရာ ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ပြည်သူများ အေးချမ်းစွာနေထိုင်သည့် ကျေးရွာများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင် တင်းတင်း ကျူးလွန်နေခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက အသိပေးထားသည်။

 

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းရန် ကာကွယ်နိုင်ရေး အတွက် အိမ်တိုင်းအိမ်တိုင်း ဗုံးခိုကျင်းများ တူးထားကြရန်၊ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ သတိပေးချက်များကို လိုက်နာပေးကြပါရန် တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ပုလဲမြို့နယ်၊ နွယ်အင်းကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၆ တန်းနှင့် ၁၂ တန်းကျောင်းသား၊ ကျောင်းသူ ၂ ဦးအပါအဝင် ၄ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၁၈   စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နွယ်အင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ...