Sagaing News

Sagaing News

ကနီမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု နေအိမ်၊ အဆောက်အအုံများ ထိခိုက်ပျက်စီး

 

သံလွင်မြန်မာသတင်း

မေလ ၁၀

 

စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ နေအိမ်၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များ ထံက သိရသည်။

 

ယမန်နေ့ မေလ ၉ ရက်နေ့က ကနီမြို့နယ်၊ ဆူးလေကုန်းကျေးအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီ ၏ မိတ္ထီလာ၊ ရှမ်းတဲလေးလေတပ်မှ တက် လာသော ဂျက်ဖိုက်တာ ၂ စီးဖြင့် မွန်းလွဲ ၃ နာရီ ၄၈ မိနစ် တွင် တစ်ကြိမ်၊ ၃ နာရီ ၄၉ မိနစ် တစ်ကြိမ်၊ ၃ နာရီ ၅၈ မိနစ် တစ်ကြိမ်နှင့် ၃ နာရီ ၅၉ မိနစ်တွင် တစ် ကြိမ် စုစုပေါင်း ၄ ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဗုံးကျဲတိုက်ခိုက်မှုအတွင်း ပြည်သူများ၏ နေအိမ်၊ ဈေးဆိုင်များ ထိခိုက်ပျက်စီးခဲ့ကာ လူထိခိုက် မှုမရှိကြောင်း ကနီမြို့နယ်သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စာသင်ဆောင်များ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ကြောင်း ပြည်သူ့ကာကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ ၉ ရက် မွန်းလွဲ ၁ နာရီ ၃၀...