Sagaing News

Sagaing News

စစ်ကိုင်းမြို့နယ်၊ ကန့်တလူရွာအနီးတွင် ဆက်ကြေးကောက်ရန်လာသော စစ်ကောင်စီကားတစ်စီးကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး ကားတစ်စီးပျက်စီး

 

သံလွင်မြန်မာသတင်း

မေလ ၈

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကန့်တလူရွာအနီးတွင် ဆက်ကြေးကောက်ရန်လာသော စစ်ကောင်စီ ကား တစ်စီးကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး ကားတစ်စီးပျက်စီးခဲ့ကြောင်း Generation Z Power – GZP မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

 

မေလ ၅ ရက် နံနက် ၈ နာရီ ၃၀ မိနစ်က စစ်ကိုင်းမြို့နယ်၊ ကန်တလူကျေးရွာ အနီးတွင် ဆက် ကြေးကောက်ခံရန်ထွက်လာသည့် စစ်သား၊ ပျူစောထီးများ လိုက်ပါလာသည့် ကားတစ်စီးကို ပြည် သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ မိနစ် ၂၀ ခန့်ကြာမြင့် ခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း စစ်သား၊ ပျူစောထီးများ လိုက်ပါလာသည့် ကားကို ဖျက်ဆီးနိုင်ခဲ့ကာ ကား ပေါ်ပါ စစ်သား၊ ပျူစောထီး ၃ ဦးသေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ လမ်းပေါ်ရှိ ခရီးသွား ပြည်သူများ ထိခိုက်မှုမရှိစေ ရန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

“Mark 2 ကားနဲ့ကင်းပတ်လာတာ။ ကားပေါ်မှာ ၄ ဦးပါတယ်။ ကန့်တလူနားကလမ်းပေါ်မှာဆိုတော့ ပြည်သူကားတွေရော ရှိနေတာ၊ အဲဒီ ပျူကားကိုပဲ ထိထိမိမိ ချေမှုန်းနိုင်ခဲ့တာပါ။ ကားပေါ်မှာ သေ နတ်ထိမှန်ပြီး ထွက်ပြေးလို့ လိုက်သေးတယ်။ ပြည်သူတွေရော၊ ပြီးတော့ လမ်းပေါ်မှာကြီးလည်း ဖြစ်နေတော့ ဆက်မလိုက်ပဲ ပြန်ဆုတ်ခဲ့လိုက်တာ။ လက်နက်တွေတော့မရခဲ့ဘူး။ အတော်လှမ်းလှမ်း တနေရာအရောက်မှာ ၃ ယောက်သေပြီး တစ်ယောက်က လက်ဒဏ်ရာနဲ့ထွက်ပြေးတာ။ အလောင်းနဲ့ ကားကတော့ တပ်မ ၃၃ ကနေ လာသယ်သွားပါပြီ” ဟု Generation Z Power – GZP မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

အဆိုပါတိုက်ခိုက်မှုကို Generation Z Power – GZP (Mandalay) ပြည်သူ့ကာကွယ်ရေး မြို့ပြ ပြောက်ကျား တပ်ဖွဲ့ နှင့် မဟာမိတ်တပ်ဖွဲ့ ဖြစ်သော Taw Twin Tup Pee LDF ၊ BRA LDF နှင့် ရပ်ကျေးပကဖ တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

“စစ်ကောင်စီအတွက် သွားစရာလမ်းမရှိတော့ပါဘူး။ ဒါကြောင့်မို့ စစ်ကောင်စီတပ်သား၊ ရဲ၊ ပျူတွေနဲ့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ အမြန်ဆုံးအလင်းဝင်ကြဖို့ တိုက်တွန်းရင်း သတိပေးချင်ပါတယ်” ဟု Generation Z Power – GZP မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

ရမည်းသင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၁၈   မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်း ၂ ခုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးခဲ့ကြောင်း တိုက်ဒေါင်း ပြည်သူ့တော်လှန်ရေး အင်အားစု ထံမှ...