Sagaing News

Sagaing News

ကောလင်းမြို့နယ်၊ ရှောက်ပင်ခြုံကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု နေအိမ် များ ထိခိုက်ပျက်စီး

 

သံလွင်မြန်မာသတင်း

မေလ ၇

 

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ရှောက်ပင်ခြုံကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်များ ထိခိုက်ပျက်စီးမှုရှိကြောင်း Kawlin People Defence Force – KLPDFနှင့်ဒေသသတင်းရင်းမြစ်များထံက သိရသည်။

 

ယနေ့ မေလ ၇ ရက် နံနက်အစောပိုင်း ၁ နာရီ ၅ မိနစ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ် ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးဖြင့် ကောလင်းမြို့နယ် အရှေ့ ခြမ်းရှိ ​ရှောက်ပင်ခြုံကျေးရွာကို ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ်ထိခိုက်ပျက်စီးခဲ့သည့် လျှပ် စစ်ဓာတ်ကြိုး များ၊ ဓာတ်တိုင်များလည်း ပျက်စီးခဲ့ကြောင်း။ လူထိခိုက်မှုမရှိကြောင်း သိရသည်။

“တိုက်ပွဲဖြစ်တာမရှိပါဘူး။ ပြည်သူ့နေအိမ်ပေါ်ကို ဗုံးသီး ၂ လုံးချသွားတာ။ နေအိမ်၊ လျှပ်စစ်ဓာတ် ကြိုး၊ ဓာတ်တိုင်တွေပျက်စီးတယ်။ နေအိမ်လည်း ပျက်စီးတယ်။ လူတော့ ထိခိုက်မှုမရှိပါဘူး” ဟု ဒေသ သတင်းရင်းမြစ်က ပြောကြားသည်။

 

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယနေ့ မေလ ၇ ရက်နေ့တွင် ရုရှားနိုင်ငံသို့ သွား ရောက်လျက်ရှိပြီး ထိုသို့ မသွားရောက်မီ တစ်ရက်အလိုတွင် မေလ ၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ ယာယီအပစ်အခတ်ရပ်စဲသည်ဟု ကြေညာခဲ့သော်လည်း လေကြောင်းဖြင့် အရပ်ပြည်သူများကို ပစ် မှတ်ထားကာ ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်နေခြင်းဖြစ်သည်။

 

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီ၏ ယာယီအပစ်အခတ်ရပ်စဲမှုကာလအတွင်း အရပ်သား ပြည် သူများကို ပစ်မှတ်ထားကာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းတို့ ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Yangon News

Yangon News

ရန်ကုန်မြို့၊ စမ်း/တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်   သံလွင်မြန်မာသတင်း မေလ ၁၉   ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ စမ်း/တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Army – YA တပ်ဖွဲ့က ထုတ်ပြန်သည်။   ယနေ့မေလ ၁၉ ရက်...