Sagaing News

Sagaing News

ဆားလင်းကြီး၊ တရုတ်ဝမ်ပေါင်ကုမ္ပဏီအနီး လုံခြုံရေးကင်းယူထားသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

မေလ ၆

 

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မုံရွာ-ပုသိမ် လမ်းပိုင်းရှိ တရုတ်ဝမ်ပေါင်ကုမ္ပဏီ အနီး လုံခြုံရေး ကင်းယူနေသော စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးခဲ့ကြောင်း Black Eagle LPDF ထံမှ သိရသည်။

 

မေလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် ဆားလင်းကြီးမြို့နယ်၊ တရုတ် ဝမ်ပေါင် ကုမ္ပဏီ အနီး လုံ ခြုံရေး ကင်းယူကာ ခရီးသွား ပြည်သူများထံမှ ငွေကြေး တောင်းရမ်းနေသော စစ်ကောင်စီ တပ်သား ၄၀ ခန့်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီစစ်တပ်သား ၆ ဦး သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူများလည်း ရှိကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Black Eagle LPDF ၊ Fighter brotherhood Guerrilla Army -FBGA ၊ နယ် စည်းမခြား ဇာမဏီပျောက်ကြားတပ်ဖွဲ့(ယင်းမာပင်ဒရုန်းအဖွဲ့)၊ တစ်ခြားမဟာမိတ်များနှင့် ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ညောင်ဦးမြို့နယ် စုတည်ရွာနှင့်ရွာသစ်တောင်ကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၅ ဦး သေဆုံး

ညောင်ဦးမြို့နယ် စုတည်ရွာနှင့်ရွာသစ်တောင်ကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၅ ဦး သေဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၇ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ စုတည်ရွာနှင့် ရွာသစ်တောင်ရွာကြားတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၅ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း People’s Democratic Army – PDA တပ်ဖွဲ့ထံမှ သိရသည်။ ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၁၁ နာရီက...