Sagaing News

Sagaing News

ရေဦးမြို့နယ်နှင့် ကနီမြို့နယ်တို့ကို  စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၄၀ ကျော်အရွယ် အမျိုးသမီး ၁ ဦးသေဆုံး၊ အဆောက်အအုံအချို့ပျက်စီး

 

သံလွင်မြန်မာသတင်း

မေလ ၅

 

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ အင်ပုထိုးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၄၀ ကျော်အရွယ် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့‌ မေလ ၅ ရက် နံနက် ၉ နာရီခန့်က ရေဦးမြို့နယ်၊ အင်ပုထိုးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိပဲ မိတ္ထီလာ၊ ရှမ်းတဲလေးလေတပ်မှ တက်လာသည့် Mi 29 အမျိုးအစား ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ထမင်းချက်နေသူ အသက် ၄၀ ကျော်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ကြောင်း သိရသည်။

dav

“ပေါင် ၂၅၀ ဗုံးလုံးကျဲချသွားတာ။ အသက်ကတော့ ၄၀ ကျော်၊ ၅၀ အရွယ်နီးပါး ထမင်းချက်နေတဲ့ အမျိုးသမီး ၁ ဦး သေဆုံးတယ်။ ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေကတော့ အသက်အန္တရာယ် မစိုးရိမ်ရပါ ဘူး၊ နေအိမ်တွေ လည်းအနည်းငယ်ပျက်စီးတယ်။ ရွာထဲလို့လည်းပြောလို့ရတယ်ရွာရဲ့ ဘေးနားမှာရှိ တဲ့ လယ်ကွင်းထဲမှာ ကျတာ” ဟု ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ရေဦးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွါးခြင်းမရှိသည်မှာ ကာလအတန်ကြာပြီဖြစ်ပြီး အကြမ်းဖက်စစ်ကောင် စီက ပြည်သူလူထုကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများ မကြာခဏပြုလုပ်လျက်ရှိ ကြောင်း၊ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် လေကြောင်းရန်ကာကွယ်ရေး နည်းလမ်းများကို လိုက်နာပေးကြပါရန်နှင့် ဗုံးခိုကျင်းများ တူးထားကြပါရန်တိုက်တွန်းထားသည်။

 

“စစ်ကောင်စီကတော့ ငလျင်ဘေးကြောင့် အပစ်အခတ်ရပ်တယ်။ ဘာညာသွေးရူးသွေးတန်းလျှောက် ပြောပြီးထုတ်ပြန်ချက်တွေထုတ်နေပေမယ့် ကျနော်တို့ပြည်သူတွေကို ဗုံးကျဲသတ်ဖြတ်နေတာဖြစ်ပါ တယ်။ ရှေ့လျှောက်လေကြောင်းရန် ကာကွယ်နိုင်ဖို့ လေကြောင်းရန် သတိပေးချက်သတင်းတွေ နား စွင့်ဖို့ ၊ လေကြောင်းရန်ကာကွယ်ရေးနည်းလမ်းတွေကို လေ့လာဖို့နဲ့ တိုက်တွန်းချင်ပါတယ်” ဟု ရေဦး မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက တိုက်တွန်းပြောဆိုသည်။

 

အလားတူ ယနေ့ မေလ ၅ ရက် နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကိုင်းတိုင်း ၊ကနီမြို့နယ်၊ ချောင်းမ အရှေ့ရွာအနီး၌ အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးသီး ၃ လုံးကြဲချ တိုက်ခိုက်ခဲ့ရာ လူနေထိုင်ခြင်းမရှိသည့် မီး သတ်ရုံးအဆောက်အအုံ အချို့ထိခိုက်ပျက်စီးခဲ့ပြီး လူ ထိခိုက်မှုမရှိ ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ပုလဲမြို့နယ်၊ နွယ်အင်းကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၆ တန်းနှင့် ၁၂ တန်းကျောင်းသား၊ ကျောင်းသူ ၂ ဦးအပါအဝင် ၄ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၁၈   စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နွယ်အင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ...