Sagaing News

Sagaing News

စစ်ကိုင်းတက္ကသိုလ်ဂိတ်နှင့်ကံတလူတိုးဂိတ်တို့ကို တပြိုင်တည်းတိုက်ခိုက်မှု စစ်သား ၁၀ ဦးထက် မနည်းသေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မေလ ၁

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်းတက္ကသိုလ်ဂိတ်နှင့် ကံတလူတိုးဂိတ်တို့ကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း လင်းယုန်ညီနောင်ပြောက် ကျားတပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၂၉ ရက် ညနေ ၅ နာရီ ၂၀ မိနစ်က စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်းတက္ကသိုလ်အတွင်း အထိုင်ချ တပ်ဆွဲထားပြီး ဂိတ်ဖွင့်ကာ လမ်းသွားလမ်းလာ ပြည်သူကားများအား ဖမ်းဆီး ငွေညစ်တောင်းခံနေ သောစစ် ကောင်စီ တပ်သားများနှင့် ၊ စစ်ကိုင်း ကံတလူ တိုးဂိတ်တွင် အထိုင်ချတပ်ဆွဲပြီး ပြည်သူလူ ထု၏ ကားများအား ဖမ်းဆီး ငွေညစ် နေသော စစ်ကောင်စီ တပ်သားများကို ပြည်သူ့ကာကွယ်ရေး ပူး ပေါင်းတပ်ဖွဲ့ဝင်များက တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“စစ်ကိုင်းတက္ကသိုလ်ဂိတ်ကို ဝင်တိုက်တဲ့အချိန်မှာ စခတွေက ထမင်းချက်နေကြတာ၊ ၄၀ မမ ထုတဲ့ အချိန်မှာ ကိုးယောက်၁၀ ယောက်လောက်ရှိတဲ့ နေရာကို ၄၀ မမ တည့်ကျကွဲတယ်။ ပြီးတော့ ဂန်း ငယ်တွေနဲ့ ဝိုင်းပစ်ကြတာ၊ ကံတလူတိုးဂိတ်ကိုကျတော့ မိုင်းနဲ့စပြီးတိုက်တာ၊ မိုင်းပွိုင့်ထိထိမိမိကွဲတဲ့ အချိန်မှာ ဂန်းငယ်တွေနဲ့ တာဝန်ကိုယ်စီယူပြီး ဝိုင်းပစ်ခဲ့ကြတာပါ။ ကံတလူတိုးဂိတ်မှာက မိုင်းကွဲပြီး ပြီးချင်း ၃ ယောက်တော့ ကားယားကြီး‌ မြေပေါ်မှာ မှောက်ကျနေတာ၊ သေ၊ မသေတော့ အတိအကျ မသိဘူး။” ဟု လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထိုသို့ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ၊ သေဆုံးသွားသော စစ်သားအလောင်းများနှင့် ဒဏ်ရာရစစ်သားများကို သယ် ဆောင်နေစဉ် လက်နက်ကြီး၊လက်နက်ငယ်များဖြင့် လေးငါးနာရီခန့် ကြာအောင် ပတ်ဝန်းကျင်အား ရမ်းသမ်းပစ်ခဲ့သောကြောင့် ပြည်သူ လူထုပိုင်လယ်ယာမြေများအတွင်း ကျရောက်ပေါက်ကွဲပြီး မီး လောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို လင်းယုန်ုညီနောင် ပျောက်ကြားတပ်ဖွဲ့ စစ်ကိုင်း နှင့် Sagaing PDF တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
KNU News

KNU News

ဖားအံခရိုင်၊ တပ်မဟာ ၇ အတွင်းရှိ သောင်ရင်းမြစ်တလျှာက်အခြေစိုက်စစ်တပ်စခန်း ၈ ခုကို သိမ်းပိုက်ခဲ့သည့် တပ်ဗိုလ်၊ တပ်မှူးများနှင့်တပ်သားများကို ဂုဏ်ပြုပွဲကျင်းပ (ရုပ်သံ)   သံလွင်မြန်မာသတင်း မေလ ၂၁   ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ကော်သူးလေထိန်းချုပ်နယ်မြေ၊ ဖားအံခရိုင် တပ်မဟာ ၇ အတွင်းရှိ သောင်ရင်းမြစ်တစ်လျှောက် အခြေစိုက်ထားသော စစ်ကောင်စီတပ်စခန်း...