Sagaing News

Sagaing News

စစ်ကိုင်းမြို့တပ်မ ၃၃ မှ မုံရွာမြို့သို့ ထွက်လာသော စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၂

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ မှ မုံရွာမြို့သို့ ထွက်လာသော အကြမ်းဖက်စစ်ယာဉ် တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း BLDF အညာမိုင်းတပ်ခွဲထံမှ သိရ သည်။

 

ယမန်နေ့ ဧပြီလ ၂၀ ရက် ညနေ ၄ နာရီခွဲခန့်က စစ်ကိုင်းမြို့ တပ်မ ၃၃ မှ မုံရွာမြို့ဘက်သို့ ထွက်လာ သော ကား ၈ စီးပါ စစ်ကောင်စီယာဉ်တန်းကို ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းပိုင်းတနေရာ တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဒုတိယမြောက်ကားပေါ်တွင် လိမ္မော်ရောင်ဝတ် ဆင်ထားသော အကြမ်းဖက်စစ်ကောင်စီတပ်သား ၁ ဦး ဦးခေါင်းထိမှန်ကာ နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွား ကြောင်း သိရသည်။

“မုံရွာဘက်ကို အင်အားဖြည့်လာတဲ့ ကားတန်းပါ။ စခတွေဘက်က အရင်စပစ်တာ၊ အဲဒါကြောင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာပါ။ ကျနော်တို့ဘက်က ရဲဘော်တွေအားလုံး အေးအေးဆေး ဆေးဘေးကင်းကင်းနဲ့ ပြန်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု BLDF အညာမိုင်းတပ်ခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ချောင်းဦးမြို့နယ်အခြေစိုက် ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ် တပ်ဦး BLDF စစ်ဒေသ ၃ တပ်ခွဲ အညာမိုင်းမှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

လောင်းလုံးမြို့နယ်၊ ကညုံကျွန်းရွာကမ်းစပ်ရှိ ပြည်သူပိုင်လှေကို လာရောက်ခိုးယူသော စစ်သား များကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၂   တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကညုံကျွန်းကျေးရွာအနီး ကမ်းစပ်၌ ဆိုက်ကပ်ထားသော ပြည်သူပိုင် လှေတစ်စီးကိုလာရောက်ခိုးယူသော စစ်သားများအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား...