Sagaing News

Sagaing News

ကန့်ဘလူမြို့နယ် သင်တောရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အပြစ်မဲ့ ပြည်သူ ၆ ဦးသေဆုံး၊‌ နေအိမ်အချို့မီးလောင်ပျက်စီး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၁

 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သင်တောကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ‌ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှား သူများအဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၂၀ ရက် ညနေ ၆ နာရီ ၅၀ မိနစ်က ကန့်ဘလူမြို့နယ် သင်တောရွာကို အကြမ်းဖက် စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော Jet Fighter တစ်စီးဖြင့် ပေါင် ၅၀၀ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ဦးစိုးမင်း+ ဒေါ်မူချို ကုန်စုံဆိုင် အနီးသို့ ကျရောက်ခဲ့ပြီး သင်တောရွာနေ အသက် ၅၀ အရွယ် ဦးကျော်မင်းကြီး အသက် ၃၀ အရွယ် ကိုဖိုးမော့ ၊ အသက် ၃၀ ကျော်အရွယ် ကိုမင်းမင်း ၊ အသက် ၅၀ အရွယ် ဒေါ်ခင်မာနှင်း ၊ အသက် ၅၀ ကျော်အရွယ် ဒေါ်စောနှင့် အသက် ၃၀ ကျော်အ ရွယ် မမိသေးတို့ ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် ထိခိုကဒဏ်ရာရရှိသူများလည်းရှိပြီး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အုတ်တိုက်တစ်လုံးမီးလောင်၍ ကျန်အိမ်များလဲ ဗုံးစ ထိမှန်ပျက်စီး ခဲ့ကြောင်း သိရသည်။

 

သင်တောရွာသည် ကိုးတောင်ဘို့ စစ်တပ်အထိုင်စခန်းနှင့် နီးသဖြင့် ရွာသူ၊ ရွာသားများနမှာ ကျေးရွာ ထဲ တွင် သိပ်မနေကြဘဲ ရွာပြင်ထွက်နေကြသည် ကများပြီး ယခုနောက်ပိုင်းမှသာ ရွာထဲဝင်၍ ဈေး ရောင်းဈေးဝယ်လုပ်နေကြခြင်းဖြစ်ကြောင်း၊ ယခု လေကြောင်းပစ်ခံရသည့်ဈေးဆိုင်သည် သင်တော ရွာတွင် အကြီးဆုံး ကုန်စုံဆိုင်ကြီးဖြစ်ပြီး ငါးပုံစက်နှင့် ဆီစက်ပါရှိကြောင်း သိရသည်။

 

လေကြောင်းတိုက်ခိုက်မှုကြောင့် ဦးစိုးမင်း+ဒေါ်မူချိုတို့ပိုင်ဆိုင်သည့် နံကပ်တိုက်၊ ဆီစက်၊ ဆန်စက် တို့ မီးလောင်ပျက်စီးခဲ့ပြီး အတူနေအဒေါ်ဖြစ်သူ ဒေါ်စော နှင့် ချွေးမဖြစ်သူ မမိသေး တို့ နှစ်ဦးပါ သေ ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

စစ်ကောင်စီတပ်သည် စစ်ရေးပစ်မှတ်မဟုတ်သည့် ကျေးရွာများနှင့် ဘာသာရေးအဆောက်အဦးများ အား ယခုရက်ပိုင်းတွင် ရည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်လျက်ရှိ ပြီး၊ လေကြောင်းတိုက်ခိုက်မှု‌‌များကြောင့် အပြစ်မဲ့ကလေးသူငယ်များနှင့် ပြည်သူအမြောက်အများ သေဆုံးနေကြရသည်။

 

သင်တောရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်  ကျောင်းထိုင်ဘုန်းကြီးအပါအဝင် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဘုန်းကြီးကျာင်းနှစ်ထပ်ကျောင်းဆောင်၊ ဘုရားဆင်းတုတော်၊ စေတီတို့ ထိခိုက်ပျက်စီးခဲ့ ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

အကြမ်းဖက်စစ်အုပ်စု၏ ညှင်းပန်းနှိပ်စက်မှုကြောင့် ကင်ဆာရောဂါရရှိပြီး ဆေးဝါးလုံလောက်စွာ ကုသမှုမပေးသဖြင့် မန္တလေးမြို့၊ ရတနာပုဂံတိုက် ဆရာတော် ဦးပသံသိယ ပျံလွန်တော်မူ   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၇   မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်အတွင်း၌ အကြမ်းဖက်စစ်အုပ်စု၏ ညှင်းပန်းနှိပ်စက်မှုကြောင့် ကင်ဆာရောဂါရရှိပြီး ဆေးဝါးကုသမှု လုံလောက်စွာ မရရှိသဖြင့် ရတနာပုဂံတိုက် ဆရာတော်...