Sagaing News

Sagaing News

ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာသော သံခွန်တစ်စီးကို စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦးဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၉

 

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိန်းမကာကျေးရွာအနီးတွင် ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာ သော သံခွန်တစ်စီးကို စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၁၈ ရက် နံနက် ၁၁ နာရီခန့်က ဧရာဝတီမြစ်အတိုင်းစုန်ဆင်းလာသော ဝေလ်မာ သကြား သံခွန်တစ်စီးကို ဝက်လက်မြို့နယ် ၊ ရှိမ်းမကားကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများက ပစ်ခတ်တားဆီးခဲ့ရာ သံခွန်အနီး၌ ကပ်ပါလာသော မော်တော်ရေယာဉ် ၁ စီးအား ကျည်များမှန်ခဲ့ကြောင်း သိရသည်။

ထို့သို့ ကျည်ထိမှန်မှုကြောင့် မတ္တရာမြို့နယ် ၊ ရှင်လှကျေးရွာနေ အသက် ၃၁ နှစ်အရွယ် အမျိုးသား ၁ ဦး ထိမှန် သေဆုံးပြီး အသက်၂၇ အရွယ်အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ပြည်သူလူထုကို ရန်သူအဖြစ်သတ်မှတ်ကာ ပစ်မှတ်ထား ၍ တိုက်ခိုက်နေသော မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ နှင့်ဝေးရာ တွင် နေထိုင်ပေးကြပါရန် တော်လှန်ရေး အင်အားစုများက တိုက်တွန်း နှိုးဆော်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် မင်းဘူးမြို့သို့ ရောက်ရှိနေသည်ဟု မြို့ကို ပိတ်ဆို့ထား

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် မင်းဘူးမြို့သို့ ရောက်ရှိနေသည်ဟု မြို့ကို ပိတ်ဆို့ထား

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၈ မကွေးတိုင်း၊ မင်းဘူးမြို့သို့ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရောက်ရှိနေသည်ဟုဆိုကာ တစ်မြို့လုံး ကို ပိတ်ဆို့ထားခဲ့ကြောင်း ဒေသနေ ပြည်သူများထံက သိရသည်။ ယနေ့ဩဂုတ်လ ၁၈ ရက်နေ့တွင် မကွေးပညာရေးကောလိပ်သို့ လာရောက်ခြင်းဖြစ်ပြီး အလားတူ မင်းဘူးမြို့အထွက်ရှိ ကျေးရွာတစ်ရွာ၌ လည်း သစ်ပင်စိုက်ပျိုးရန် ရောက်ရှိနေခြင်းဖြစ်ကြောင်း၊ ထို့ သို့...