Sagaing News

Sagaing News

ကလေးမြို့နယ်၊ ကြံသာရွာ စစ်ကောင်စီတပ်စခန်းကို အပြီးသတ်သိမ်းပိုက်မှု စစ်သား ၁၅ ဦးခန့် သေ ဆုံး၊ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိ ၊ ကလေးတောင်ပိုင်း ပျူစခန်း ၅ ခု သိမ်းပိုက် မှု စစ်သား၊ ပျူ ၁၂၀ ခန့်သေဆုံးပြီး ၃၆ ဦးအရှင်ဖမ်းမိ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၂

 

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကြံသာကျေးရွာရှိအကြမ်းဖက်စစ်ကောင်စီတပ် အထိုင်စခန်းကို အပြီး သတ်သိမ်းပိုက်ခဲ့ရာ စစ်သား ၁၅ ဦးခန့်သေဆုံးပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်း ရရှိခဲ့ကြောင်း ABSDF နှင့် စစ်ရေးသတင်းရင်းမြစ်တို့ထံက သိရသည်။

ယမန်နေ့ ဧပြီလ ၁၁ ရက်နေ့က ကလေးမြို့နယ်၊ တင်သားအုပ်စု၊ ကြံသာကျေးရွာ၌အထိုင်ချတပ်စွဲ ထားသော စစ်သား၊ ပျူစောထီးစခန်းကို တော်လှန်ရေးပူပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား၊ ပျူ ၁၅ ဦးခန့်သေဆုံးပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

 

“စစ်သားအလောင်း ၁၅ လောင်းကတော့ အတည်ပြုပါတယ်။ အရှင်ဖမ်းဆီးရမိတာ မရှိပါဘူး။ သိမ်း ဆည်း ရရှိတဲ့ လက်နက်ခဲယမ်း အရေအတွက်ကတော့ စိစစ်ဆဲပါ။ ခဲယမ်း များပါတယ်” ဟု CNA မှ ဆလိုင်းထက်နီက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျောင်းသားတပ်မတော် အမှတ် ၃ စစ်ကြောင်း၊ တပ်ရင်း ၁၂ ရဲဘော်များ ၊ CDF – KKG ၊ ဟံသာ၀တီ (ပကဖ) ၊ CDF -SIYIN၊ ကလေးခရိုင်ခရိုင်စစ်ဒေသ နှင့် ထန်တလန်DRအဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ကလေးမြို့နယ်တောင်ပိုင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများဖြစ်သော ကမ်းပါးနီ၊ မှန်တော ၊ အောင်သာယာရွာ ၊ အောင်မင်္ဂလာရွာနှင့် ကြံသာရွာတို့၌ တပ်စွဲခြေကုပ်ယူထားသော စစ်ကောင်စီ တပ်သားများကို ၂ အတွင်း တိုက်ခိုက်ချေမှုန်းခဲ့ပြီး စစ်သား၊ ပျူစောထီး အလောင်း ၁၂၀ ခန့် ၊ စစ်သုံ့ ပန်း ၃၆ ဦး တို့အပြင် လက်နက်ခဲယမ်းအမြောက်အများသိမ်းဆည်းရရှိထားကြောင်း ABSDF တာဝန် ရှိသူတစ်ဦးက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

 

ABSDF အမှတ် ၃ စစ်ကြောင်း စစ်ကြောင်းမှူး ဒူကမ္ဘာ မင်းဌေးမှ ABSDF တပ်ရင်း ၁၂ အား ကွပ် ကဲ၍၂ လတာ မဟာမိတ်ပူးပေါင်းစစ်ဆင်ရေးသည် ဧပြီလ ၁၁ ရက်နေ့တွင် ပြီးမြောက်ခဲ့ပြီ ဖြစ် ကြောင်း အသိပေးထားသည်။

 

မဟာမိတ်ပူးပေါင်းအဖွဲများမှာ CDF – KKG ၊ CAN ၊ CDF ဟားခါး ၊ CDF ထန်တလန် ၊ CDF Siyin ၊ ဂန့်ဂေါမြို့နယ်ဟံသာ၀တီ.ပကဖ ၊ ကလေးခရိုင်တပ်ရင်း ၄ နှင့် CDF စ့န်ထန် တို့ပါ၀င်ကြောင်း၊ တိုက် ပွဲကာလ ၂ လအတွင်း ABSDF မှ ရဲဘော် ၂ ဦး အသက်ပေးလှူခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦး ရှိ ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်း ဆန်တက်နေသော စစ်သင်္ဘောအုပ်စုကို ကြားဖြတ်တိုက်ခိုက်

မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်း ဆန်တက်နေသော စစ်သင်္ဘောအုပ်စုကို ကြားဖြတ်တိုက်ခိုက်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၄ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်း ဆန်တက်နေသော စစ်သင်္ဘောအုပ်စုကို ကြား ဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Brave Heart Army-(B.H.A) တပ်ဖွဲ့က ထုတ်ပြန်သည်။ ယမန်နေ့ ဩဂုတ်လ ၃ ရက် နံနက် ၁၁ နာရီ ၁၅...